သံဖြူဇရပ်မြို့နယ်တွင် လမ်းခင်းကျောက်များတင်လာသည့်ကား ယာယီတံတားပေါ်မှဖြတ်သန်းစဥ် တံတားကျိုးကျ၍ပြုတ်ကျတိမ်းမှောက် ၂ ဦးဒဏ်ရာရ

0
259

သံဖြူဇရပ်မြို့နယ်တွင် လမ်းခင်းကျောက်များတင်လာသည့်ကား ယာယီတံတားပေါ်မှဖြတ်သန်းစဥ် တံတားကျိုးကျ၍ပြုတ်ကျတိမ်းမှောက် ၂ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့၊ဝယ်သွန်ချောင်ကျေး ရွာတွင် စက်တင်ဘာ ၁၅ ရက်(ယနေ့)မွန်းတည့်ပိုင်းက လမ်းခင်းကျောက်များတင်လာသည့်ကား ယာယီတံတားအားဖြတ်သန်းစဥ် တံတားကျိုးကျ ၍ ပြုကျတိမ်းမှောက်သွားခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က ဝယ်သွန်ချောင်ကျေးရွာအထွက်ရှိ ယာယီတံတားပေါ်သို့ လမ်းခင်းကျောက်များတင်လာသည့်ကားမှဖြတ်သန်းစဥ် တံတားကျိုးကျသွားခဲ့ကြောင်း သိရသည်။

တံတားကျိုးကျသဖြင့် လမ်းခင်းကျောက်များတင်လာသည့်ကားမှာ တံတားပေါ်မှပြုတ်ကျကာ တိမ်းမှောက်သွားခဲ့သည်ဟု သိရသည်။

ထိုသို့ ပြုတ်ကျတိမ်းမှောက်မှုကြောင့် လမ်းခင်းကျောက်များတင်လာသည့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူနှင့်အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းက သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here