ယနေ့ စက်တင်ဘာလ (၁၅)ရက်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၉ ဦးတွေ့ ၊ ကာကွယ် ၊ ကုသ၊ ထိန်းချု ပ်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နေဟုဆို

0
122

ယနေ့ စက်တင်ဘာလ (၁၅)ရက်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၉ ဦးတွေ့ ၊ ကာကွယ် ၊ ကုသ၊ ထိန်းချု ပ်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နေဟုဆို

ယနေ့ စက်တင်ဘာလ (၁၅) ရက် ည(၈)နာရီ ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွ င် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၂၅၉) ဦးအထိရှိကြောင်း သိရသည်။

အဆိုပါ ကူးစက်ခံရသူများမှာ စက်တင်ဘာလ (၁၄) ရက် ည(၈) နာရီမှ (၁၅) ရက် (၈) နာရီအထိ ကိုဗစ်သံသယ လူ နာ (၁၁,၈၃၀) ဦး စစ်ဆေးရာမှ တွေ့ရှိရသည့် အတည်ပြု လူနာများ ဖြစ်ကြောင်း သိရသည်။

ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၈၉၀,၇၁၂) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၆၁၇,၉ ၉၈) ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

ထို့အပြင် ယနေ့ စက်တင်ဘာလ (၁၅) ရက်တွင် ကိုဗစ် ကူးစက်ရာမှ ပြန်လည်ကောင်းမွန်လာသူ (၁၆၉) ရှိပြီး ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉ ၄,၇၂၁) ဦးရှိကြောင်း သိရသည်။

ယနေ့တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၄၄) ဦးရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသူများတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လ ည်း ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ကြော င်းကို တွေ့ရှိရသည့်အတွက် ပြည်သူများအနေ ဖြင့် ကိုဗစ်ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျ စွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာ ကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွ က် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here