ရန်ကုန်တိုင်းရှိ ပြည်သူ့အဌားအိမ်ယာစီမံကိန်း ပထမအဆင့်အကောင်အထည်ဖော်မှု ၆၉ ရာခိုင် နှုန်းပြီးစီးပြီဖြစ်

0
204

ရန်ကုန်တိုင်းရှိ ပြည်သူ့အဌားအိမ်ယာစီမံကိန်း ပထမအဆင့်အကောင်အထည်ဖော်မှု ၆၉ ရာခိုင် နှုန်းပြီးစီးပြီဖြစ်

ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော် မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးရွှေလေးက စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်း၌ပြုလုပ်ခဲ့သည့် ပြည်သူအငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်း ပထမအဆင့်အား အကောင်အထည်ဖော်ရာတွင် နေပြည်တော်၌ ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း၌ ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်း၌ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးဦးရွှေလေးကပြောသည်။

ထို့ပြင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာအိမ်ခန်းပေါင်း ၁၀၀၀၀ စီမံကိန်းအား ပထမဆင့်အဖြစ် နေပြည် တော်တွင် အခန်းပေါင်း ၄၄၈ ခန်းပါရှိမည့် တိုက် ၂၈ လုံး၊ ရန်ကုန်မြို့တွင် အခန်းပေါင်း ၃၁၀၄ ခန်းပါဝင်မည့် တိုက် ၁၉၄ လုံး၊ မန္တလေးမြို့တွင် အ ခန်းပေါင်း ၁၄၅၆ ခန်းပါဝင်မည့် တိုက် ၉၁ လုံး (စုစုပေါင်းအခန်း အခန်း ၅၀၀၈ ခန်းပါဝင်မည့် တိုက်အလုံးရေ ၃၁၃ လုံး)အားအကောင်အထည် ဖော်တည်ဆောက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ ၁၀၀ရာခိုင်နှုန်းပြီးစီးသည့်အဆောက်အ ဦးများအား စနစ်တကျလက်ခံနေရာချထားကာ စီမံကိန်းပါအဆောက်အဦးများ၏ မြေညီထပ်အ ချို့နေရာများတွင် ဆေးခန်း၊ Mini Store၊ Commercial Area၊ ကစားရန်နေရာ၊ ဆိုင်ခန်းတို့ကိုလည်းဆက်လက်ပြင်ဆင်သွားရမည်ဟု ပြည် ထောင်စုဝန်ကြီးကပြောသည်။

အလားတူ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှလည်း ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)အား မြန် မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်(MCEF)နှင့်ကန်ထရိုက်တာအသင်းချုပ်(MLCA)တို့ကအဆောင်အဦး ၉၇ လုံးစီဖြင့် (စုစုပေါင်း ၁၉၄ လုံး)အား ဆောက်လုပ်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

“အဲဒီအဆောက်အဦး ၁၉၄ လုံးထဲက စက်တင်ဘာ လကုန်မှာ အလုံး ၄၀၊ အောက်တိုဘာလကုန်မှာ ၂၇ လုံး၊ ဒီဇင်ဘာလကုန်မှာ ၂၄ လုံးပြီးစီးမှာဖြစ်ပါတယ် ကျန်တဲ့ ၁၀၃ လုံးကိုလည်း ၂၀၂၃ ခုနှစ် မတ်လကုန်မှာပြီးစီးဖို့ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

အဆိုပါ အဆောက်အဦးများအား အသင်းအဖွဲ့များမှ PFI စနစ်ဖြင့် ဦးစွာငွေကြေးအရင်းအနှီးများစွာစိုက်ထုတ်တည်ဆောက်ခဲ့ကြပြီး တင်ဒါခေါ်ယူရန် တိုင်းအစိုးရအဖွဲ့အစည်းအဝေးသို့တင် ပြခွင့်ပြုချက်ရယူကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်မြို့တော်ဝန်က အစည်းအဝေးအား Video Conferencing ဖြင့်တက်ရောက်၍ ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here