ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်များပြားလာသဖြင့် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ဖူးမြော်ခံခြင်းဆက်လက်ဆိုင်းငံ့

0
503

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်များပြားလာသဖြင့် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ဖူးမြော်ခံခြင်းဆက်လက်ဆိုင်းငံ့

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်များပြားလာသဖြင့် ပါမောက္ခချုပ်ဆရာတော်ကြီးမှ 

ဧည့်တွေ့ခြင်းနှင့်ဖူးမြော်ခံခြင်းတို့အား ယာယီရပ်နားခဲ့သည်ဟု မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်ရှိ ဓမ္မသဟာယသာသနစင်တာမှ သိရသည်။

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဧည့်တွေ့လက်ခံခြင်းနှင့်ဖူးမြော်ခံခြင်းတို့အား စက်တင် ဘာ ၅ ရက်မှ ၁၅ ရက်အထိ ယာယီပိတ်ထားခဲ့သည်။

ထိုသို့ ယာယီပိတ်ထားခဲ့ရာမှ စက်တင်ဘာ ၂၀ ရက်တွင် ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာအနီးရှိ ဓမ္မသဟာယသာနစင်တာရှိ ဓမ္မရတိမဟာဓမ္မသဘာဓမ္မာရုံ၌ နံနက် ၈ နာရီမှ ၉ နာရီအထိ ဧည့်တွေ့လက်ခံခြင်း၊ဖူး​မြော်ခံခြင်းများပြုလုပ်သွားမည်ဟု ဓမ္မသဟာယသာသနစင်တာမှ​ကြေငြာခဲ့သည်။

ယင်းသို့ ပြန်လည် ဖူးမြော်ခံရန် အစီအစဥ်များရှိသော်လည်း ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်များပြားလာသည့် အခြေအနေကြောင့် စက်တင် ဘာ ၂၀ ရက်တွက် ဧည့်တွေ့ခြင်းနှင့် ဖူးမြော်ခံမည့်အစီအစဥ်တို့အား ထပ်မံ၍ယာယီဖျက်သိမ်းခဲ့သည်ဟု သိရသည်။

“ဟုတ်တယ် ပါမောက္ခချုပ်ဆရာတော်ကြီးက ၅ ရက်နေ့ကစပြီး ၁၅ ရက်အထိ ဖူးမြော်ခံတာကိုယာယီရပ်နားခဲ့တယ် အခု ၂၀ ရက်နေ့မှာ ဖူးမြော်ခံဖို့ရှိပေမယ့် ကိုဗစ်(၁၉)ရောဂါကပြန်ပြီးဖြစ်တာများလာတာကြောင့် ဖူးမြော်ခံမယ့်အစီအစဥ်ကိုပြန်ရွှေ့ထားတယ် လတ်တလောအနေနဲ့ကတော့ ဆရာတော်ကြီးက ဧည့်တွေ့တာ ဖဖူးမြော်ခံတာပြန်မလုပ်သေးပါဘူး”ဟု ဓမ္မသဟာယသာသနစင်တာ၏ တိုက်အုပ်ဆရာတော် အရှင်ဝီရိယာနန္ဒ ကမိန့်ကြားခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဖူးမြော်ခွင့်ယာယီပိတ်ထားသည့် အချိန်ဖြစ်သည့် စက်တင် ဘာ ၈ ရက်ညပိုင်းက ZOOM အစီအစဥ်ဖြင့် မဟာသုဗောဓာရုံသာသနာ့အင်အားစုတိုက်ခွဲ ၁၁ ခုမှတပည့်များအား သြဝါဒကထာမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here