သာကေတမြို့နယ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ၁၀ တန်းကျောင်းသားတစ်ဦးတို့ သေ နတ်ဖြင့်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသားသေဆုံးခဲ့

0
253

သာကေတမြို့နယ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ၁၀ တန်းကျောင်းသားတစ်ဦးတို့ သေ နတ်ဖြင့်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသားသေဆုံးခဲ့

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၂/တောင်ရပ် ကွက်တွင် စက်တင်ဘာ ၁၆ ရက်(ယနေ့)နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ၁၀ တန်းကျောင်းသားတစ်ဦးတို့ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး တက္ကသိုလ်ကျောင်းသားသေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က အမည်မသိအမျိုး သားများက ၂/ တောင်ရပ်ကွက်၊ဇောတရုံလမ်းနှင့်မာန်ပြေ(၁)လမ်းအနောက်လမ်းဆုံတွင် စကား ပြောနေသည့် အမျိုးသား ၂ ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် တက္ကသိုလ်ကျောင်း သားဖြစ်သူသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ၁၀ တန်းကျောင်းသားမှာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လူနာတင်ကားဖြင့်ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

“သေဆုံးသွားတဲ့ တက္ကသိုလ်ကျောင်း သားက တတိယနှစ်တက်နေတာလို့သိရတယ် နောက် ၁၀ တန်းကျောင်းသားလေးကိုတော့အခုဆေးရုံမှာဆေးကုပေးနေပါတယ် စိုးရိမ်စရာမရှိတော့ပါဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသားနှင့် ၁၀ တန်းကျောင်းသားတို့အား မည်သည့်အဖွဲ့မှပစ်ခတ်သွားသည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များကလည်း ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here