ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ခံရသူ (၃၀၅) ဦးရှိ၊ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

0
285

 

ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ခံရသူ (၃၀၅) ဦးရှိ၊ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

ယနေ့ စက်တင်ဘာလ (၁၆) ရက် ည (၈) နာရီ ကျန်းမာ ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရသူ (၃၀၅) ဦး ရှိကြောင်း သိရသည်။

အဆိုပါ ရူးစက်ခံရသူများမှာ စက်တင်ဘာလ(၁၅) ရက် ည(၈) နာရီမှ (၁၆) ရက် ည(၈) နာရီအထိ သံသယလူနာ (၁၁,၈၂၅) ဦးကို စစ်ဆေးခဲ့ရာမှ (၃၀၅) ဦး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ စက်တင်ဘာလ (၁၆) ရက်အထိ ကိုဗစ် (၁၉) ရောဂါကူးစက်ခံရသူ (၆၁၈,၃၀၃) ဦးအထိရှိပြီး သေဆုံးသူ (၁၉,၄၄၄) ဦးအထိရှိကြောင်း သိရသည်။

ထို့အပြင် ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၆၃) ဦးရှိ သဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစု ပေါင်း (၅၉၄,၉၈၄) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရသူ အ များစုမှာ ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူများ ဖြစ်ပြီး ရောဂါကူးစက်ခံရသူအားလုံး၏ (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိဘဲ (၁၅.၉) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားပြီး၊ (၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ (၀.၁)ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူများထဲတွင် (၈၄.၁) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသူများ ဖြစ်ကြပြီး  (၁၄.၄) ရာခိုင်နှုန်းမှာ ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံထားရှိသူများဖြစ်ကာ (၁.၅) ရာခိုင် နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here