ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း၌ စက်တင်ဘာ ၁၄ ရက်က ကားတိုက်မှုဖြစ်ပွားပြီး ၁၃ ဦးသေဆုံးခဲ့သည့်နေရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်

0
300

ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း၌ စက်တင်ဘာ ၁၄ ရက်က ကားတိုက်မှုဖြစ်ပွားပြီး ၁၃ ဦးသေဆုံးခဲ့သည့်နေရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်


မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ဇီးဖြူကုန်းကျေးရွာရှိ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း၏ မိုင်တိုင်အမှတ် ၄၅/၁ တွင် စက် တင်ဘာ ၁၆ ရက်နေ့လည် ၃ နာရီခွဲက အန္တရာယ် ကင်းပရိတ်တရားတော်နာယူခြင်း၊ကမ္မဝါစာရွတ် ဖတ်ခြင်းနှင့်ကားတိုက်မှုကြောင့် သေဆုံးသွားသူ များအတွက် အမျှပေးဝေခြင်းများပြုလုပ်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏စီစဉ်မှုဖြင့် အများပြည်သူများ၊ဖြတ်သန်းသွား လာနေသည့် ကားများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်ကားတိုက်မှုကြောင့် သေဆုံးသွားသူ များအတွက် ရည်မှန်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။


ထိုသို့ ပြုလုပ်ခြင်းအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမဏဓဇ အမှူးပြုသည့် သံဃာတော် ၇ ပါးကကြွရောက်၍ ရွတ်ဖတ်သရ ဇ္ဈာယ်ပေးတော်မူကာ အမျှအတန်းများပေးဝေခဲ့ကြသည်။

အလားတူ ပရိတ်ရေ၊ပရိတ်သဲနှင့်ပရိတ်ခဲများအား တာဝန်ရှိသူများနှင့်ဒေသခံများက လမ်းတစ် လျှောက်ကြဲပက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်း-မိတ္ထီလာလာသွားကားလမ်း၏ မိုက်တိုင်အမှတ် ၄၅/၁ တွင် စက်တင်ဘာ ၁၄ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်က ခရီးသည်တင်ကား ၂ စီးနှင့်ရပ်ထားသည့် DYNA ကားတစ်စီးတို့တိုက်မိမှုကြောင့် ခရီးသည်တင်ကားမောင်းသူ ၂ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here