မျက်မမြင်များအတွက် စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်သင်တန်းများကိုအောက်တိုဘာလ ၌အခမဲ့သင်ကြားပို့ချသွားမည်

0
122

မျက်မမြင်များအတွက် စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်သင်တန်းများကိုအောက်တိုဘာလ ၌အခမဲ့သင်ကြားပို့ချသွားမည်

မြန်မာနိုင်ငံရှိ အမြင်အာရုံမသန်စွမ်းသူများအတွက် စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာရပ်သင်တန်းများအား အောက်တိုဘာလမှစ၍ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ သိရသည်။

အဆိုပါ သင်တန်းများအား မြန်မာနိုင်ငံမျက်မမြင်များအသင်းနှင့် Strategy First University Extension SFUX တို့ပူးပေါင်း၍ Online မှတဆင့် အတန်းပေါင်း ၂၀ ကျော်အား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအားလုံးတွင် SFUX မှ စစ်ဆေးသည့် Unit ending test များနှင့် Course ending test စာမေးပွဲများအားဖြေဆိုရမည်ဖြစ်ကာ အောင်မြင်ပြီး SFUX အသိအမှတ်ပြုမှသာ လက်မှတ်နှင့်ဒီပလိုမာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းများတွင် Certificate တန်းတက်ရောက်လိုသူများသည် အခြေခံပညာအထက်တန်းအ ဆင့်ရှိရမည်ဖြစ်ကာ Diploma တန်းတက်ရောက်လိုသူများမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ(သို့)တက္ကသိုလ်တတ်ရောက်နေသူ(သို့)ဘွဲ့ရပြီးသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သင်တန်းများသို့တက်ရောက်လိုသူ များအနေဖြင့် အသေးစိတ်သိရှိလိုပါက https //sfux strategyfirst.edu.mm/ courses သို့စုံစမ်းနိုင်ကာ တက်ရောက်လိုသူများအနေဖြင့် မြန်မာ နိုင်ငံမျက်မမြင်များအသင်း Viber ဖုန်းနံပါတ် ၀၉ ၂၆၂၂၄၇၀၇၈ သို့ စက်တင်ဘာ ၂၉ ရက်ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here