နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC ၊ DKBA အဖွဲ့တို့ ၃ ရက်တာဆွေး နွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြ

0
230

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC ၊ DKBA အဖွဲ့တို့ ၃ ရက်တာဆွေး နွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြ

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)စစ် ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ကရင်အမျိုးသားအစည်းအ ရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဒု -ဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့တို့အား စက်တင်ဘာ ၁၇ ရက် (ယနေ့)နံနက်ပိုင်းက သီးခြားစီတွေ့ဆုံခဲ့သည်။ 

ထိုသို့ တွေ့ဆုံရာ၌ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုမှ သဘောတူညီချက်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု၊ထပ်မံဖြည့်ဆည်းပေးရန် လို အပ်ချက်များနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။


ထို့နောက် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC၊ DKBA အဖွဲ့တို့သည် တတိယနေ့ ဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေး၍ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်များရေးထိုးခဲ့ကြသည်။ 

ထို့ပြင် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးတို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။


ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ခဲ့ကြသည်။

အလားတူ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး၊ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ ကရင်အမျိုး သားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ အထွေထွေအတွင်းရေးမှူးချုပ် စောကျော်ညွန့်တို့လည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here