ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၆ ဘီးကုန်တင်ကားတိမ်းမှောက်

0
277

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၆ ဘီးကုန်တင်ကားတိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မြို့ချောင်းအမြန်လမ်းနယ်မြေမီးသတ်တပ်ဖွဲစခန်းအပိုင်တွင် စက်တင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ၆ ဘီးကုန်တင်ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၈၁/၃ နှင့် ၈၁/၄ ကြားတွင် ကုန်ပစ္စည်းများတင်လာသည့် ၆ ဘီးကုန်တင်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးပေါ်၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် မြို့ချောင်းအမြန်လမ်းနယ်မြေမီးသတ်စခန်း၊မြို့ချောင်းအမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ကုန်တင်ကားပေါ်၌လိုက်ပါလာသည့် ကားမောင်းသူနှင့်ကားစပယ်ယာဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ဘဲ ကားမောင်းသူအား မြို့ချောင်းအမြန်လမ်းရဲစခန်းက ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here