ပြင်ဦးလွင်တွင် ၅လောင်းပြိုင်လူသတ်မှုဖြစ်ပွား

0
274

ပြင်ဦးလွင်တွင် ၅လောင်းပြိုင်လူသတ်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊အနီးစခန်း အနီးတွင် ၅လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ၄ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးပြီး ၁ ဦးမှာ ဆေးရုံတွင်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်မြို့နယ်၊ စည်ကားကျေးရွာ ကြက်ခြံ၌ အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင် ၅ ဦး  သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၈ ရက်တွင် သိရသည်။

” ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်လို့ ကူညီပေးခဲ့တာ။ အသေးစိတ်တော့မသိရသေးဘူး ညတုန်းက (စက်တင်ဘာ ၁၇) ဖြစ်သွားတဲ့ပုံစံလို့ သိရတယ်။ ခေါင်းမှာရိုက်ခံထားရဒဏ်ရာ၊ လည်ပင်း လှီးဖြတ်ဒဏ်ရာတွေ တွေ့ရတယ်” ဟု တုသိတာ လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

အသတ်ခံရသူများမှာ ၁၃ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ လူကြီး အမျိုးသား ၂ ဦးနှင့်

အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး လူကြီး ၃ ဦးနှင့် ကလေး ၁ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကာ ကလေး၁ဦးသည် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်းနှင့် တုသိတာလူမှုကူညီရေးအသင်းတို့က ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးပြီး သေမှုသေခင်းဖွင့်ထားသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here