ကလေးမြို့တွင် ဇနီးမောင်နှံ နှစ်ဦး နေအိမ်ပေါ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ အမျိုးသားသေဆုံးခဲ့

0
282

ကလေးမြို့တွင် ဇနီးမောင်နှံ နှစ်ဦး နေအိမ်ပေါ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ အမျိုးသားသေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ကလေးမြို့၊အောင်မင်္ဂလာရပ် ကွက်နေ ဦးဝင်းမောင်နှင့်ဇနီးဖြစ်သူဒေါ်ဝင်းဆင့်တို့သည် စက်တင်ဘာ ၁၇ ရက်ညပိုင်းက နေအိမ်ပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က အမည်မသိအမျိုး သားများသည် နေအိမ်ပေါ်သို့တက်၍ ဦးဝင်းမောင်နှင့်ဇနီးဖြစ်သူဒေါ်ဝင်းဆင့်တို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြပြီးနောက် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဦးဝင်းမောင်တွင် ဦးခေါင်း၌ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူဒေါ်ဝင်းဆင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်ပြီးတော့ စစ်သားတွေရဲတွေရောက် လာတယ် သေသွားတဲ့ဦးဝင်းမောင်အလောင်းနဲ့ ပေါင်မှာဒဏ်ရာရသွားတဲ့သူ့မိန်းမကို လူနာတင် ကားနဲ့ဆေးရုံကိုပို့လိုက်ကြတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

အလားတူ လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် အောင်မင်္ဂလာရပ်ကွက်အတွင်း၌ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးဝင်းမောင်နှင့်ဒေါ်ဝင်းဆင့်တို့အား မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်ပစ်ခတ်ခဲ့သည်ဆိုခြင်းအား ထုတ်ပြန်ထားခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here