ရန်ကုန်တိုင်းအတွင်း၌ ဆေးရုံများ၌ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားနေသူ ၁၅၀၀ ဦးခန့်အထိ လက်ခံကုသပေးနိုင်ရန် စီစဥ်ထားရှိ

0
432

ရန်ကုန်တိုင်းအတွင်း၌ ဆေးရုံများ၌ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားနေသူ ၁၅၀၀ ဦးခန့်အထိ လက်ခံကုသပေးနိုင်ရန် စီစဥ်ထားရှိ

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုပြန်လည်များပြားလာသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွားနေသည့် လူနာ ၁၅၀၀ ဦးခန့်အထိ လက်ခံကုသပေးနိုင်ရန် စီစဥ်ထားသည်ဟု ရန် ကုန်တိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ လက်ခံကုသပေးရန် စီစဥ်ထားရာ၌ ရန်ကုန် တိုင်းအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ခရိုင်အဆင့်ဆေးရုံများနှင့်အထူးကုဆေးရုံများတွင် စီစဥ်ထားခြင်းဖြစ်ကြောင်း သိရသည်။


“သြဂုတ်တတိယပတ်လောက်ကစပြီး ကိုဗစ်ရော ဂါဖြစ်ပွားမှုက နည်းနည်းပြန်များလာတယ် ရန် ကုန်တိုင်းမှာဆိုရင် အရင်က ပိုးတွေ့မှုနှုန်းဟာ ၁ ရာခိုင်နှုန်းအောက်ရှိခဲ့တယ် နောက်တဖြည်းဖြည်းနဲ့ ၁ ရာခိုင်နှုန်းအထက်ကိုရောက်လာပြီး အခုဆိုရင် ၆ ရာခိုင်နှုန်းဝန်းကျင်ရှိလာပါတယ်”ဟု ရန် ကုန်တိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာထွန်းမင်းကပြောသည်။

လက်ရှိအချိန်၌ ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံများနှင့်ဒဂုံမြို့သစ်(‌ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမ Quarantine Centre တို့တွင်ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားနေသူ ၂၀၀ ကျော်အားကုသ‌ပေးလျက်ရှိသည်ဟု သိရသည်။

“Quarantine Centre အနေနဲ့ဆိုရင် ကျွန်တော်တို့က တိုင်းအစိုးရရဲ့ပံ့ပိုးကူညီမှုနဲ့ ကျန်းမာရေးဌာနက ဒဂုံဆိပ်ကမ်းမြို့နယ်က ရိုးမစင်တာဖွင့်ထားတယ်၊ အခုကတော့ ကိုဗစ်ကုသရေးစင်တာပေါ့ အဲ ဒီမှာလူနာ ၃၀၀ လောက်လက်ခံလို့ရတယ် အခုက ၂၀ လောက်ပဲရှိပါတယ် တော်တော်များများကတော့ Home Isolations သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နေကြတာပေါ့”ဟု ညွှန်ကြားရေးမှူးဒေါက်တာထွန်းမင်းကပြောသည်။

အဆိုပါ ရိုးမကိုဗစ်ကုသရေးစင်တာအပြင် ခရိုင်အလိုက် မြို့နယ်အလိုက် စီစဥ်ထားသည့် Quarantine Centre များလည်းရှိသည်ဟု သိရသည်။

“ဗဟိုအဆင့်ဆေးရုံကြီးတွေ ခရိုင်အဆင့်ဆေးရုံတွေ အထူးကုဆေးရုံတွေဖြစ်တဲ့ ဝေဘာဂီဆေးရုံတို့ မင်္ဂလာဒုံဆေးရုံတို့မှာ ကိုဗစ်လူနာ ၁၃၀၀ က နေ ၁၅၀၀ လောက်အထိ လက်ခံကုသပေးလို့ရအောင်စီစဥ်ထားပါတယ်”ဟု ရန်ကုန်တိုင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာထွန်းမင်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here