နောင်ချိုမြို့နယ်တွင် အမျိုးသမီး ၂ ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀၀၀ အားဖမ်းမိ

0
219

နောင်ချိုမြို့နယ်တွင် အမျိုးသမီး ၂ ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀၀၀ အားဖမ်းမိ

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ရှိ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စက်တင်ဘာ ၁၈ ရက်ညနေပိုင်းက အမျိုးသမီး ၂ ဦးထံမှဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ဖြတ်သန်းသွားလာနေသည့် ကားများအားရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးစဉ် လားရှိုးမြို့ဘက်မှမန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားအား တားဆီးစစ်ဆေးရာ ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များဖြစ်သော မနူးနမ်(၃၅)နှစ်နှင့်ဒေါ်စုစု၀င်း(၄၁)နှစ်တို့ထံမှ စိတ်ကြွဆေးပြား ၄၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအ တွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here