စိုင်ရို့ခရိုင်၌ မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကားတိမ်းမှောက်မှုဖြစ်စဥ်တွင်သေဆုံးခဲ့သူ မအိဖြူအောင်အတွက် လျော်ကြေးငွေ ဘတ် ၅ သိန်းရရှိ

0
316

စိုင်ရို့ခရိုင်၌ မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကားတိမ်းမှောက်မှုဖြစ်စဥ်တွင်သေဆုံးခဲ့သူ မအိဖြူအောင်အတွက် လျော်ကြေးငွေ ဘတ် ၅ သိန်းရရှိ

ထိုင်းနိုင်ငံ၊စိုင်ရို့ခရိုင်၊အမှတ် ၃၂၃ လမ်းမကြီးတွင် ဇန်နဝါရီ ၂၀ ရက်က မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကားမှ ၁၀ ဘီးကားအားဝင်တိုက်ကာ တိမ်းမှောက်ခဲ့၍ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦးသေ ဆုံးခဲ့သည်။

ထို့ကြောင့် သေဆုံးသူများအတွက် လျော်ကြေးငွေရရှိရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက လိုက်ပါဆောင် ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့ကြသဖြင့် မြန်မာနိုင်ငံသားဟုတ်မှန်ကြောင်း အထောက်အထားပြည့်စုံသည့် သေဆုံးသူ ၄ ဦးအတွက်(တစ်ဦးလျင် ဘတ် ၅ သိန်းစီဖြင့်)ဘတ် ၂ သန်းအား သြဂုတ် ၁၀ ရက်တွင် မြန်မာအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက လက်ခံရယူပေးခဲ့သည်။ 

အလားတူ အထောက်အထားပြည့်စုံခြင်းမရှိသေးသည့် ပဲခူးတိုင်း၊ပျဥ်ပုံကြီးမြို့နယ်နေ မအိဖြူအောင်အတွက် လျော်ကြေးငွေရရှိရန် ဆက်လက်ဆောင်ရွက်ခဲ့ကြသဖြင့် စက်တင်ဘာ ၁၉ ရက် (ယနေ့)တွင် လျော်ကြေးငွေဘတ် ၅ သိန်းထပ်မံရရှိခဲ့သည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ထို့ကြောင့် ရရှိလာသည့် လျော်ကြေးငွေများအား ထိုင်းနိုင်ငံဆိုင်ရာ မြန်အာအလုပ်သမားသံအရာရှိရုံးမှ သေဆုံးသူများ၏ မိသားစုဝင်များထံသို့ စ နစ်တကျလွဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here