စင်ကာပူတွင် ရဲအရာရှိတစ်ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံး

0
145

စင်ကာပူတွင် ရဲအရာရှိတစ်ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံး

စင်ကာပူရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးအား သေနတ်ဒဏ်ရာဖြင့် 1 Bayfront Avenue တွင် ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ရပြီးနောက် ယင်းဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာ ၁၉ရက် နံနက် ၉နာရီ ၄၄ မိနစ်ခန့်က စင်ကာပူရဲတပ်ဖွဲ့မှ အသက် ၂၉နှစ်အရွယ်ရှိ ရဲအရာရှိတစ်ဦးအား 1 Bayfront Avenue တစ်နေရာတွင် သေနတ်ဒဏ်ရာဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုနောက် ယင်းဒဏ်ရာကြောင့်ပင် သေဆုံးသွားကြောင်း၊ သေနတ်တစ်လက်ကိုလည်း အခင်းဖြစ်နေရာတွင်သိမ်းဆည်းရမိကြောင်းသိရသည်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ သံသယတရားခံကို မသိရှိရသေးကြောင်း၊ စုံစမ်းမှုကို ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

Ref:  Police officer dead with gunshot wound at 1 Bayfront Avenue, no foul play suspected


LEAVE A REPLY

Please enter your comment!
Please enter your name here