အမေရိကနှင့်တောင်ကိုရီးယားတို့ ယာဉ်ခရက်ဒစ်နှင့် ကွန်ရက်ငွေကြေးများနှင့်ပတ်သက်၍ ပွင့်လင်းစွာအမြင်ဖလှယ်ခဲ့ကြဟုဆို

0
98

အမေရိကနှင့်တောင်ကိုရီးယားတို့ ယာဉ်ခရက်ဒစ်နှင့် ကွန်ရက်ငွေကြေးများနှင့်ပတ်သက်၍ ပွင့်လင်းစွာအမြင်ဖလှယ်ခဲ့ကြဟုဆို

နိုင်ငံခြားမှပံ့ပိုးသူများနှင့် ဝါရှင်တန်၏လျှပ်စစ်ကားခရက်ဒစ်ဆိုင်ရာ ကွန်ရက်အသုံးပြုမှုအခကြေးငွေများနှင့်ပတ်သက်ပြီး ဆိုးလ်၏ဆိုင်းငံ့ထားသောဥပဒေများနှင့်ပတ်သက်၍ ကန်နိုင်ငံကုန်သွယ်ရေးဝန် ကြီး နှင့် တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီးတို့သည် စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က ပွင့်လင်းမြင်သာစွာဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟုဆိုသည်။

ပြီးခဲ့သည့်လက သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့သည့် ငွေကြေးဖောင်းပွမှု အက်ဥပဒေတွင် မြောက်အမေရိကပြင်ပ၌ထုတ်လုပ်သည့် လျှပ်စစ်ကားများအတွက် ပြည်ထောင်စုအခွန်ခရက်ဒစ်ကိုဖယ်ရှားပေးမည်ဟူသည့် အချက်ပါဝင်သည်။ယင်းအချက်၏ဆိုလိုရင်းအဓိပ္ပာယ်မှာ ဟွန်ဒိုင်းနှင့် ၎င်း၏လုပ်ငန်းခွဲ ကေအိုင်အေ အပါအဝင် ကုမ္ပဏီများသည် ထောက်ပံ့ကြေးများမရရှိနိုင်တော့ဟု ဆိုလိုရင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် ၎င်း၏ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် ယခုသီတင်းပတ်အတွင်း အမေရိကသို့ရောက်ရှိလာခဲ့သော်လည်း ငွေကြေးဖောင်းပွမှုအက်ဥပဒေကြောင့် ဖြစ်ပေါ်လာသည့်တင်းမာမှုများက မကြာသေးမီကဝါရှင်တန်နှင့်အတူပြုလုပ်ခဲ့သော မဟာမိတ်အင်အားပြသမှုကို နှောင့်ယှက်နိုင်သည်ဟုဆိုခဲ့သည်။

အမေရိကန်ကုန်သွယ်‌ေရးရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီး Gina Raimondo နှင့် တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီး Lee Chang – yang တို့သည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု၏အရေးကြီးပုံကို ထပ်မံအတည်ပြုပြောကြားခဲ့သော်လည်း တင်းမာမှုများကိုပါအရိပ်အမြွက်ပြောကြားခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် “နိုင်ငံခြားပံ့ပိုးသူများနှင့် လျှပ်စစ်ကားအခွန်ခရက်ဒစ်များဆိုင်ရာ ကွန်ရက်အသုံးပြုမှုအခကြေးငွေများကောက်ခံခြင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား၏ဆိုင်းငံ့ထားသောဥပဒေအပေါ် အမေရိကန်၏စိုးရိမ်မှုများကိုပါ ပွင့်ပွင့်လင်းလင်းအမြင်ချင်းဖလှယ်ခဲ့ကြသည်” ဟု ဖော်ပြထားသည်။

Source –Reuters/zl


LEAVE A REPLY

Please enter your comment!
Please enter your name here