လောင်းလုံးမြို့နယ်တွင် USDP ပါတီဝင် အမျိုး သားတစ်ဦး နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
188

လောင်းလုံးမြို့နယ်တွင် USDP ပါတီဝင် အမျိုး သားတစ်ဦး နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊သဘော့ဆိပ်ပြင်ကြီးကျေးရွာ၊ရှိုင်သာယာရပ်ကွက်နေ USDP ပါတီဝင် ဦးထွန်းမြင့်(၅၆)နှစ်သည် စက်တင်ဘာ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက နေအိမ်၌သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က အမည်မသိအမျိုးသားများသည် သဘော့ဆိပ်ပြင်ကြီးကျေးရွာ၊ရှိုင်သာ ယာရပ်ကွက်နေ ဦးထွန်းမြင့် နေအိမ်သို့ရောက်ရှိလာပြီးနောက် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းမြင့်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ကျေး ရွာအတွင်း၌ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးထွန်းမြင့် အားမည်သည့်အဖွဲ့မှ လာရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here