တောင်ကြီးမြို့တွင် ဘိလပ်မြေဖျော်စက်တင်ကား အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစ်စီးအား မျက်နှာ ချင်းဆိုင်ဝင်တိုက်တိမ်းမှောက် ၂ ဦးဒဏ်ရာရ

0
221

တောင်ကြီးမြို့တွင် ဘိလပ်မြေဖျော်စက်တင်ကား အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစ်စီးအား မျက်နှာ ချင်းဆိုင်ဝင်တိုက်တိမ်းမှောက် ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊သစ်တောရပ် ကွက်၊အရှေ့မြို့ပတ်လမ်းတွင် စက်တင်ဘာ ၂၆ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က သစ်တောရပ်ကွက်ရှိ အရှေ့မြို့ပတ်လမ်းတွင် ဘိလပ်မြေဖျော်စက်တင်(အဖြူရောင်)ကားသည် ဘိလပ်မြေကွန်က ရစ်တင်ဆောင်၍ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှဆိုင်ကယ်အား ဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းသူမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘိလပ်မြေဖျော်စက်တင်ကားမောင်းသူမှာလည်း ခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် တောင်ကြီးခရိုင်၊မြို့နယ်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ခဲ့ကြသဖြင့် ခေါင်းခန်းအတွင်းညပ်နေသည့် ကားမောင်းသူအား မွန်းလွဲ ၂ နာရီ ၄၅ မိနစ်၌ ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်း၏ လူနာ တင်ကားဖြင့် တောင်ကြီးမြို့စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here