Yangon Water Bus အား ၅ နှစ်ပြည့်အထိမ်း အမှတ်အဖြစ် အောက်တိုဘာ ၆ ရက်၌ ပြန်လည်ပြေးဆွဲပေးသွားမည်

0
262

Yangon Water Bus အား ၅ နှစ်ပြည့်အထိမ်း အမှတ်အဖြစ် အောက်တိုဘာ ၆ ရက်၌ ပြန်လည်ပြေးဆွဲပေးသွားမည်

Yangon Water Bus အား အောင်တိုဘာ ၁ ရက်တွင်ပြန်လည်ပြေးဆွဲသွားရန် စီစဥ်ထားသော် လည်း ၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အောက် တိုဘာ ၆ ရက်နံနက် ၇ နာရီမှသာ လမ်းသစ်ဆိပ်ကမ်းမှ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

Yangon Water Bus အား ၂၀၁၇ ခုနှစ်၊အောက်တို ဘာ ၆ ရက်မှစတင်ကာ ပြေးဆွဲပြေးခဲ့ပြီးနောက် အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ်နားထားခဲ့ရာမှ ယခု ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြေးဆွဲပေးရာတွင် အောင်တိုဘာ ၆ ရက်တစ်နေ့တာလုံးအား ၅ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ် အခမဲ့လိုက်ပါစီးနင်းနိုင်ကာ ရေယာဥ်ပေါ်၌ အမှတ်တရလက်ဆောင်များပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြန်လည်ပြေးဆွဲသည့် အောက်တိုဘာ ၆ ရက်တွင် K pay ,CB pay , AYA pay, A plus pay, UAB pay အသုံးပြုသူများသည် မိမိဖုန်းမှ application အားပြသ၍ Sunset ticket တကြိမ်စာ လက်ဆောင်ရယူနိုင်ကြောင်း သိရသည်။

ပြန်လည်ဖွင့်လှစ်ပြေးဆွဲခြင်း အထိမ်းအမှတ်အ ခမ်းအနား ကျင်းပမည်မဟုတ်ဘဲ ၅ နှစ်ပြည့်နှစ် ပတ်လည်နှင့်ပြန်လည်ဖွင့်လှစ်ခြင်းကိုသာ အလှူ အတန်းတစ်ခုအဖြစ်သာ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here