မြင်းမူတွင် ကုန်တင်ယာဉ်တစ်စီး မိုင်းခွဲခံရမှုကြောင့် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာများဖြင့်သေဆုံး

0
235

မြင်းမူတွင် ကုန်တင်ယာဉ်တစ်စီး မိုင်းခွဲခံရမှုကြောင့် တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာများဖြင့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီး မိုင်းခွဲခံရမှုကြောင့် တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူသည် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရတယ်။

မုံရွာမြို့နယ်၊ မအူကျေးရွာနေ ဦးအောင်ဇော်ဦး(၃၉)နှစ် (ဘ)ဦးခင်မောင်သိန်းသည် စက်တင်ဘာလ ၂၄ ရက် တွင် တစ်ရွာတည်းနေ ကိုထက်နိုင်ဦး(၂၇)နှစ်နှင့် အတူ ကုန်စည်များတင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်အား နေပြည်တော်မှ မုံရွာမြို့သို့ မောင်းနှင်လာစဉ် နံနက် ၁၁ နာရီအချိန်ခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီးအရောက်၌ အမည်မသိလက်နက်ကိုင်များ၏ လမ်း၏ယာဘက်မှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် မော်တော်ယာဉ်မှာ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးအောင်ဇော်ဦးသည် ဦးခေါင်းယာဘက်ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ယာခြေသလုံးမိုင်းစ ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ ရရှိကာသေဆုံးသွား ခဲ့သည်။

အဆိုပါလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here