မြန်မာသင်္ဘောသားတစ်ဦး နေရပ်ပြန်ရန် ဟိုတယ် ၌နားနေစဥ် နှလုံးရပ်၍သေဆုံးသွား

0
309

မြန်မာသင်္ဘောသားတစ်ဦး နေရပ်ပြန်ရန် ဟိုတယ် ၌နားနေစဥ် နှလုံးရပ်၍သေဆုံးသွား

မလေးရှားနိုင်ငံ၊ဂျိုဟိုးဘာတူးမြို့ရှိ ဟိုတယ်တစ်ခု၌ နေရပ်ပြန်မည့် မြန်မာသင်္ဘောသားတစ်ဦးနားနေစဥ် နှလုံးရပ်၍ သေဆုံးသွားခဲ့ကြောင်း နှလုံးလှပရဟတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

မြန်မာသင်္ဘောသား ကိုနေမျိုးလတ်(၃၅)နှစ်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံသို့ပြန်ရန် နားနေချိန် ၌ ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်၍ သေဆုံးသူအားရည်စူး၍ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ စက် တင်ဘာ ၂၆ ရက်တွင် သရဏဂုံတင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ သေဆုံးသူ၏ မိသားစုဝင်များ၏ ဆန္ဒအရ ရုပ်အလောင်းအား စက်တင်ဘာ ၂၇ ရက် (ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာသင်္ဘောသား ကိုနေမျိုးလတ်သည် ရန်ကုန် တိုင်း၊သာကေတမြို့နယ်၊၂/မြောက်ရပ်ကွက်၊အနော်မာ ၁၉ လမ်းအနောက်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here