လှိုင်လျှပ်စစ်ရုံးကို လုံခြုံရေးယူနေသည်တပ်ဖွဲ့၀င်များ လက်ပစ်ဗုံး သေနတ်များဖြင့်တိုက်ခိုက်ခံရ၊ တစ်ဦးဒဏ်ရာရရှိ

0
274

လှိုင်လျှပ်စစ်ရုံးကို လုံခြုံရေးယူနေသည်တပ်ဖွဲ့၀င်များအား လက်ပစ်ဗုံး သေနတ်များဖြင့်တိုက်ခိုက်ခံရ၊ တစ်ဦးဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၉) ရပ်ကွက်၊ အင်းစိန်လမ်းပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးကို လုံခြုံရေးယူထားသည့်တပ်ဖွဲ့အားယနေ့ ညနေပိုင်းက လက်ပစ်ဗုံး၊ သေနတ်များဖြင့်ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက် ညနေ ၄ နာရီ ၄၅ အချိန်ခန့်တွင် အမည်မသိ လက်နက်ကိုင်များက လက်ပစ်ဗုံး၊ ပစ္စတိုသေနတ်များဖြင့် လုံခြုံရေးဘန်ကာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့သို့တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ လှိုင်လျှပ်စစ်ရုံးသည် မကြာခဏဆိုသလို ပစ်ခတ်တိုက်ခတ်မှုများ ကြုံတွေ့နေရသည်။

လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့၀င်များက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here