ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးနေ အိမ်၌ ကြိုးဆွဲချသေဆုံး

0
262

ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးနေ အိမ်၌ ကြိုးဆွဲချသေဆုံး

ချင်းပြည်နယ်၊ဖလမ်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေး ရုံ၏ ဆေးရုံအုပ်ကြီး Dr.Tluang Cung Thang (၄၁နှစ်)သည် စက်တင်ဘာ ၂၈ ရက်(ယနေ့)နံနက်ပိုင်းက နေအိမ်၌ကြိုးဆွဲချ၍သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက နေအိမ်၌ကြိုးဆွဲချ၍သေဆုံးနေသည့် ဆေးရုံအုပ်ကြီးအားတွေ့ရှိခဲ့ရခြင်းဖြစ်ကာ ရုပ်အလောင်းကို တာဝန်ရှိသူများ၏ စစ်ဆေးမှုများပြီးသည့်အချိန်တွင် ဟားခါးမြို့သို့ ယနေ့ပင် ပြန်လည်သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆရာကြီးက သဘောကောင်းတယ် သူ့ကိုကြည့်လိုက်ရင်အမြဲတမ်းပြုံးနေတာ ဘယ်လိုစိတ်ဖိစီးမှုတွေများပြီး အခုလိုဖြစ်သွားတယ်ဆိုတာတော့မသိဘူးပေါ့ဗျာ ဒီလိုဖြစ်သွားတော့အကုန်လုံးစိတ်မကောင်းကြဘူး လူနာတွေကိုအရမ်းဂရိုစိုက်တာ” ဟု ဖလမ်းမြို့အခြေစိုက် လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ဖလမ်းမြို့ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီး Dr. Tluang Cung Thang သည် ကိုဗစ်(၁၉)ရောဂါ ကာလအတွင်း လူနာများအား စွမ်းစွမ်းတမံပြစုစောင့်ရှောက်ခဲ့သဖြင့် ၂၀၂၀ ခုနှစ်၊ဖလမ်းမြို့၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် Chinland Herald သ တင်းက ဂုဏ်ပြုဖော်ပြခြင်းခံခဲ့ရသူတစ်ဦးဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here