မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံတံတားအဆင်းတွင် လက်ပစ်ဗုံးပေါက်ကွဲ

0
467

မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံတံတားအဆင်းတွင် လက်ပစ်ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံတံတားအဆင်းတွင် စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲကျော်ခန့်က အမည်မသိအမျိုးသားများသည် ရွှေပေါက္ကံတံတားအဆင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်မြို့နယ်မီးသတ်ရုံးကြား၌ လုံခြုံရေးတာဝန်ကျနေသည့် လုံခြုံရေးအ ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ ထွက် ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုရှိ၊မရှိအား သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“ပေါက်ကွဲသံတော့ကြားတယ် လူနာတင်ကားလာတဲ့အသံတော့မကြားရဘူး ထိခိုက်မှုမရှိဘူးလို့ထင်တယ်”ဟု မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များအား Eastern Red Lion အဖွဲ့နှင့်ဂဠုန်ရာဇာပြောက်ကျားအဖွဲ့တို့ပူးပေါင်း ၍ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here