ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလား အလာကောင်းများ တွေ့မြင်ခဲ့ရ၍ ကမ္ဘာလှည့် e-Visa ကို မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

0
235

ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလား အလာကောင်းများ တွေ့မြင်ခဲ့ရ၍ ကမ္ဘာလှည့် e-Visa ကို မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

၂၀၂၂ ခုနှစ်၊ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်အခမ်းအနားအား စက်တင်ဘာ ၂၇ ရက်က နေပြည်တော်၌ပြုလုပ်စဥ် နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လကစပြီး ကိုဗစ်(၁၉)ရောဂါပြန့်ပွားမှုအခြေအ နေလျော့နည်းလာတာနဲ့အမျှ ပြည်တွင်းခရီးသွား လာမှုတွေ စတင်တိုးတက်လာတာကို တွေ့ရှိရပါတယ် ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ကစပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန် လည်ခွင့်ပြုပေးခဲ့ရာမှာ ခရီးသွားလုပ်ငန်းပြန် လည်စတင်နိုင်မယ့် အလားအလာကောင်းတွေ တွေ့မြင်ခဲ့ရတာကြောင့် ကမ္ဘာလှည့် e-Visa ကို ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်က စတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်တွင်း/ပြည်ပခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရပြီး လာမည့်ပွင့်လင်းရာသီတွင် မြန်မာ နိုင်ငံအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားလာမှု ပိုမိုတိုးတက်လာရန်မျှော်မှန်း၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဟု ပြောသည်။

ပြည်ပဧည့်သည်များနည်းတူ မိမိတို့နိုင်ငံသားများကိုလည်း စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ခရီးသွားလည် ပတ်နိုင်ရန် ပြည်တွင်းခရီးသွားလုပ်ငန်းများကိုလည်း ပြည့်စုံအောင်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။

“ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝအရ လုပ် ငန်းနယ်ပယ်ပေါင်းစုံကို အကျိုးဖြစ်ထွန်းစေတာကြောင့် မြို့ပြနဲ့ကျေးလက်ဒေသတွေက အမျိုး သမီးတွေ လူငယ်တွေနဲ့ ကျေးလက်နေပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိစေနိုင်တဲ့အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှုအမွေအနှစ် သ ဘာဝအရင်းအမြစ်နဲ့ အလှအပတွေကို ဖွင့်လှစ်ပြသနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားကာ တောင်ပေါ်မြေပြန့်၊ကမ်းရိုးတန်း၊မြစ်ဝှမ်း၊ပင်လယ်ကမ်းခြေစသည့် ထူးခြားလှပသော သဘာဝရှုခင်းများ၊သ မိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့်လူနေမှုဘဝပုံစံများ သည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင် သည်ဟု ပြောသည်။

ခရီးသွားလုပ်ငန်းသည် တည်းခိုနေထိုင်ရေး၊ဧည့်ဝတ်ကျေပွန်ရေး၊ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေး၊စွမ်းအင်၊လမ်းတံတား၊စည်ပင်သာ ယာလှပရေး၊မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုတို့အား တိုးတက်ရန်ချိတ် ဆက်ဖန်တီးပေးနိုင်၍ စနစ်တကျစုပေါင်းဆောင် ရွက်ပါက တီထွင်ဖန်တီးမှုအခြေပြုသည့် စီးပွား ရေးပုံစံတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဟု ပြော သည်။

“နိုင်ငံအတွင်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ တိုးတက်လာရင် နိုင်ငံရဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ များစွာ ပြောင်းလဲသွားမှာဖြစ်လို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းပြန်လည်စတင်ရာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး၊သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ခရီးသွားလုပ်ငန်း ဆိုင်ရာဝန်ဆောင်မှုများအတွက် အင်တာနက်အ ခြေခံဒစ်ဂျစ်တယ်နည်းပညာအသုံးပြုရေးစသည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြော သည်။

“မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီး သွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာနဲ့ သွား လာလည်ပတ်နိုင်ဖို့ ခရီးသွားတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပြည့်ပြည့်စုံစုံ လွယ်ကူလျင်မြန်စွာရ ရှိနိုင်ဖို့ စီစဉ်ပေးရမှာဖြစ်သလို ခရီးသွားဧည့်သည်တွေရဲ့ ပြည်ဝင်၊ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းတွေ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း လွယ်ကူရှင်းလင်းစေဖို့အတွက် ဆက်စပ်ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင် ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ ယင်း လုပ်ငန်းစဉ်များအား လိုအပ်လျင်လိုအပ်သကဲ့သို့ ပြန်လည်ပြုပြင်ဖန်တီးဖော်ဆောင်သွားရမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here