ရွှေဈေးနှင့် ဒေါ်လာဈေး အပြိုင်ကျဆင်းလာရာ မနက်ဖြန် ငွေစျေးသိသိသာသာ ပြိုမည့်အလားအလာဖြစ်ပေါ်နေဟုခန့်မှန်း​နေကြ

0
531

ရွှေဈေးနှင့် ဒေါ်လာဈေး အပြိုင်ကျဆင်းလာရာ မနက်ဖြန် ငွေစျေးသိသိသာသာ ပြိုမည့်အလားအလာဖြစ်ပေါ်နေဟုခန့်မှန်း​နေကြ


ယ​နေ့ရွှေတစ်ကျပ်သား ၂၅ သိန်း အထိကျပြီး ဒေါ်လာဈေး ၃၀၀၀ ဝန်းကျင်သို့ဆင်းလာ​နေပြီဖြစ်သည်။

တစ်ဒေါ်လာ ငွေလဲနှုန်း ၄၅၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ပြည်တွင်း ‌နိုင်ငံခြားငွေလဲနှုန်းမှာ ယနေ့ စ က်တင်ဘာ (၂၈) ရက် ညနေပိုင်းတွင် (၁) ဒေါ်လာ ၃၀၀၀ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

” ဒီနေ့ ညနေပိုင်း အပိတ်ဈေးက ၂၉၇၀ အထိ ကျပါတယ် ။ တစ်နေရာနဲ့ တစ်နေရာတော့ မတူနိုင်ဘူး ။ အနည်းအ များပေါ် မူတည်ပြီးဈေးအနည်းနဲ့အများ ကွာနိုင်တာတော့ ရှိတယ်” ဟု ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း ငွေလဲဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လလ ယ်ပိုင်းက ကန်ဒေါ်လာ ဈေးနှုန်းများ အဆမတန် မြင့်တ က်ခဲ့ပြီး တစ်ဒေါ်လာ ၄၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ပြည်တွင်းရှိ သွင်းကုန်လုပ်ငန်းများအကြား နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားမှုကြောင့် ဖြစ်သည့်အပြင် ဈေးနှုန်းမတည်မငြိမ်ဖြစ်ပေါ် စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုများ ကြောင့်ဖြစ် ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထား သည်။

အလားတူ ပြည်တွင်း ရွှေဈေးကွက်တွင်လည်း အခေါက် ရွှေတစ်ကျပ်သားလျင် ၃၇ သိန်းအထိ စံချိန်တင်မြင့်တ က်ခဲ့ရာမှ ယနေ့ စက်တာ ၂၈ ရက် ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင်  ၂၅ သိန်းကျပ်အထိ ကျဆင်းသွားကြောင်း သိရသည်။ 

ရန်ကုန် ရွှေအသင်း၏ ယနေ့ ရန်ကုန်အထိုင် ရည်ညွှန်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေ(၁)ကျပ်သားလျင် (၁၉၁၄၀၀၀) ဖြစ်ပြီး ကမ္ဘာ့ရွှေ တစ်အောင်ဆလျင် အမေရိကန်‌ဒေါ်လာ (၁၆၂၀) ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားငွေ ရည်ညွှန်းငွေလဲဈေးနှုန်မှာ (၁) ဒေါ်လာ (၂၁၀၀) ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးနှင့် (၁၀၀၀) ကျပ် ဝန်းကျင် ကွာဟ နေဆဲ ဖြစ်သည်။

မနက်ဖြန် ငွေစျေးသိသိသာသာ ပြိုမည့်အလားအလာများ​တွေ့​နေရ​ကြောင်း ​စျေးကွက်ထဲမှ ကုန်သည်များ၏ ခန့်မှန်းချက်များလည်းကြားသိ​နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here