၂/၈၀ ချည်များအား ပြည်တွင်း ဝါဖြင့် ထုတ်လုပ်နိုင်ရန် စမ်းသပ်​နေ

0
281

၂/၈၀ ချည်များအား ပြည်တွင်း ဝါဖြင့် ထုတ်လုပ်နိုင်ရန် စမ်းသပ်​နေ

ပြည်တွင်း၌ထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့် ချည်ထည်နှင့်ပိတ်များထုတ်လုပ်နိုင်ရမည်ဖြစ်ကာ ၂/၈၀ ချည်များအား စက်ရုံမှ ထုတ်လုပ်နိုင်သည့်အချိန်တွင် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသည့် ချည်မျှင်နှင့်အထည်အလိပ်များကိုထုတ်လုပ်​ပေးရန် နစက ဥက္ကဌကမန္တလေးတိုင်း၊မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)တွင်ယနေ့နံနက်ပိုင်းက  ပြောကြားခဲ့သည်။

စက်ရုံ၌လက်ရှိတပ်ဆင်အသုံးပြုလျက်ရှိသည့် စက်များအား အရည်အသွေးမြှင့်တင်နိုင်ရန် တာဝန်ရှိသူများအား အသေးစိတ်မေး မြန်း၍ ​ဆွေး​နွေးလမ်းညွှန်ခဲ့သည်။ 

စက်ရုံအစည်းအဝေးခန်းမ၌ တပ်မတော်စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးဗိုလ်ချုပ်ဝင်းလွင်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နစက ဥက္ကဋ္ဌ လာရောက်စစ်ဆေးစဉ်ကမှာကြားချက်များအား အကောင်အ ထည်ဖော်ထားရှိမှု၊စက်ရုံမှထုတ်လုပ်နိုင်​သောချည်များ၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့်ထုတ်လုပ်နိုင်ရန် စမ်းသပ်​နေမှုနှင့်စက် စမ်းသပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့​နောက်စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့်ချည်ထည်များကို နစက ဥက္ကဌက ကြည့်ရူပြီး​နောက် စက်ရုံဝန်ထမ်းများအားချီးမြှင့်​ငွေ ​ပေးအပ်ခဲ့သည်။

နစကဥက္ကဌ သည် ရုရှားခရီးစဥ်အပြန်၊ပထမဆုံး​သော ပြည်တွင်း လှည့်လည်မူ တွင် MSME လုပ်ငန်းများကို အဓိက ထားနေသည်။ယခု ပြည်တွင်း ခရီးစဥ်တွင်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here