ဝါစိုက်ပျိုးတောင်သူများအတွက် မတည်ငွေများ ထုတ်ပေးသွားရန် စီမံလျက်ရှိ

0
63

ဝါစိုက်ပျိုးတောင်သူများအတွက် မတည်ငွေများ ထုတ်ပေးသွားရန် စီမံလျက်ရှိ

မန္တလေးတိုင်း၊မိတ္ထီလာမြို့ရှိ မိတ္ထီလာစက်မှုဇုန်၌ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(MSME)လုပ်ငန်းရှင်များအား နစက ဥက္ကဋ္ဌက စက်တင်ဘာ ၂၈ ရက်(ယနေ့)နေ့လည်ပိုင်းတွင်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေများလွှဲအပ်ပေးခဲ့ပြီး ကျန်ရှိသည့်ရန်ပုံငွေများမှ MSME လုပ်ငန်းများအတွက် မတည်ငွေများလွှဲအပ်နိုင်ရန် ဆောင် ရွက်လျက်ရှိပြီး ဝါစိုက်ပျိုးတောင်သူများအတွက်လည်း မတည်ငွေများထုတ်ပေးရန် စီမံလျက်ရှိသည်ဟု ပြောသည်။


“ဝါစိုက်ဖို့အတွက် စိုက်ဧကတွေအသစ်ထပ်တိုးတာထက် ဝါစိုက်ပျိုးမယ့်မြေမှာ အကြောင်းအ မျိုးမျိုးနဲ့ တခြားသီးနှံတွေစိုက်ပျိုးနေတဲ့ မြေတွေပေါ်မှာပဲ တိုးချဲ့စိုက်ပျိုးစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက အကြံပြုသည်။

ယခင်က ဝါစိုက်ပျိုးမှုအား ထိရောက်စွာ ဆောင် ရွက်နိုင်ခဲ့ခြင်းမရှိ၍ နိုင်ငံအတွက်လိုအပ်သည့် ဝါ ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသဖြင့် နိုင်ငံခြားသုံးစွဲငွေများပိုမိုကုန်ကျခဲ့သည်ဟု​ထောက်ပြ သည်။

ပြည်တွင်း၌လိုအပ်သည့် အထည်များအား ပြည့်မီအောင်ထုတ်လုပ်နိုင်ပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကာ တပ်မတော်ချည် မျှင်နှင့်အထည်စက်ရုံများမှလည်း ပြည်တွင်းလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှထုတ်လုပ်ပေးလျက်ရှိသည်ဟု ဆို သည်။

ထို့ပြင် ဝါစိုက်ပျိုးရန် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများဖြစ်သည့် မြေဩဇာများနှင့်သ ဘာဝမြေဩဇာများလည်းလိုအပ်ကာ စိုက်ပျိုး မြေများအား စနစ်တကျပြုပြင်၍ စိုက်ပျိုးရန်လိုပြီး စက်ကိရိယာများဖြင့် ထွန်ယက်စိုက်ပျိုးနိုင်သည့် ဧကကွက်များဖြင့်စိုက်ပျိုးမှသာ အောင်မြင်ဖြစ်ထွန်းမည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝမြေဩဇာများစွာရှိပြီး မွေးမြူရေးလုပ်ငန်းများကို စနစ်တ ကျဆောင်ရွက်ပါက ဇီဝမြေဩဇာများရရှိနိုင်​ကြောင်း ​​ပြောကြားသည်။

“အီးအမ်ဘိုကာရှီအပြင် ပိုက်ဆံလျှော်တွေ(မည်သည့်​မြေတွင်မဆိုစိုက်၍ရ) စိုက်ပျိုးပြီး သဘာဝမြေဩဇာအဖြစ် သုံးလို့ရပါတယ်။ ဓာတ်မြေဩဇာတွေ ရရှိရေးအတွက်လည်း နိုင်ငံ တော်ကကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တောင်သူတွေအနေနဲ့လည်း မွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကိုသုံးပြီး သဘာဝမြေဩဇာ Bio Fertilizer တွေထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here