ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက် ၉,၀၀၀ နီးပါးထိ ရှိလာဟု OCHA ထုတ်ပြန်

0
228

ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက် ၉,၀၀၀ နီးပါးထိ ရှိလာဟု OCHA ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်ဟာ ၉,၀၀၀ နီးပါးထိ ရှိလာဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (OCHA) က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်တစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အရပ်သား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အကာအကွယ်ရရှိရေးသည် ကြီးမားစွာခြိမ်းခြောက်ခံနေရဆဲဖြစ်သည်ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲများပိုမို ပြင်းထန်လာပြီး မြို့နယ်အများအပြားတွင် လက်နက်ကြီးပစ်ခတ်မှုများ၊ အရပ်သားပိုင်အိုးအိမ်ပျက်စီးမှုများ၊ အသွားအလာကန့်သတ်မှုများနှင့် ဖမ်းဆီးမှုများပိုမိုဖြစ်ပွားနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ၂၃ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ ခန့်သည် ယင်းတို့ကျေးရွာမှ နေရပ်စွန်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့်အတွက် ဩဂုတ်လမှစပြီး ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်သည် ၉,၀၀၀ နီးပါးထိ ရှိလာသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစပြီးဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၈၉,၄၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here