ပြည်ပသို့ တရားမဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းပြော

0
247

ပြည်ပသို့ တရားမဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းပြော

နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနရုံး၌ စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ၊ကန်ကျနဘူရီခရိုင်၌ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၅ ဦးအတွက် အာမခံကြေးပေးအပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုများ၊ယာဉ်တိမ်းမှောက်ခဲ့မှုများဖြစ်ပွားခဲ့၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိမှု၊သေဆုံးမှုများရှိခဲ့သည်ဟု ပြောသည်။

ထိုသို့ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန် ကူးခံရခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရခြင်းနှင့်အခြား လူ့အခွင့်အရေးဆုံရှုံးမှုများဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်၍ တရားမဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီးကပြောသည်။

“ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ရင် ဥပဒေနဲ့အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေ အပြည့်အဝရရှိနိုင်ပါတယ် လူကုန်ကူးခံရမှုလည်း မဖြစ်နိုင်ပါဘူး နောက်ပြီး ဆိုက်ရောက်နိုင်ငံတွေမှာ လွတ်လပ်စွာ သွားလာနိုင်တာနဲ့လုပ်ငန်းခွင်မှာ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂၀ ရက်က ကန်ကျနဘူရီခရိုင်၌ ဖြစ်ပွားခဲ့သည့် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် သေဆုံးခဲ့သည့် မောင်သက်နိုင်ဖြိုး၊မောင်နိုင်ဝင်းစိုး၊မောင်အောင်ရွှေဝင်း၊မခင်မာနွယ်နှင့်မအိဖြူအောင်တို့အတွက် အာမခံကြေးရရှိရန် ထိုင်းနိုင်ငံအလုပ်သမားအရာရှိရုံးမှ အလုပ်သမားသံအရာရှိက ဆောင်ရွက်ပေးခဲ့သည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်အာမခံကုမ္ပဏီဖြစ်သည့် Dhipaya Insurance Public Co., Ltd နှင့်ချိတ်ဆက်၍ မော်တော်ယာဉ် အာမခံ ကြေးရရှိရန် ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် အ ထောက်အထား၊စာရွက်စာတမ်းများအား သက် ဆိုင်ရာမြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန(မြို့နယ်ရုံး)များ၊ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)တို့မှ သေ ဆုံးသူများ၏ မိသားစုဝင်များနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၅ ဦးအတွက် မော်တော်ယာဉ်အာမခံငွေကြေးများ ရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည် ထောင်စုဝန်ကြီးကပြောသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက ကျန်ရစ်သူမိသားစုဝင်သုံးဦးနှင့်ဒု-ဝန် ကြီးကကျန်ရစ်သူ မိသားစုဝင်နှစ်ဦးတို့၏ မိသား စုဝင်များအား မော်တော်ယာဉ်အာမခံ ကြေးများ ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here