မြန်မာနိုင်ငံသား ၁၁၂ ဦး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာ

0
169

မြန်မာနိုင်ငံသား ၁၁၂ ဦး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေရာမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၂ ဦးသည် စက်တင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံအ တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၈၄ ဦး၊အမျိုးသမီး ၂၈ ဦး(စုစုပေါင်း ၁၁၂ ဦး)သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အမှတ်(၂)ချစ် ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက် လာခဲ့ကြခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်လာသူများအား တာဝန်ရှိသူ များက ကြိုဆိုလက်ခံ၍ မြို့နယ်ကျန်းမာရေးဝန် ထမ်းများက ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်း၊အသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အ လက်များကို စာရင်းကောက်ယူခြင်း၊မြန်မာနိုင်ငံသားနှင့်အတူ အခြားနိုင်ငံသားများဝင်ရောက်လာခြင်းမရှိစေရန်နှင့်တားမြစ်မူးယစ်ဆေးဝါးများပါ ရှိလာခြင်းမရှိစေရန် စစ်ဆေးခြင်းတို့ကိုလည်း ပြု လုပ်ခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် နေထိုင်သူ များအား မော်လမြိုင်မြိုရှိ ဆယ်မြို့နယ်ဆောင်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ပို့ဆောင်ပေးခဲ့ပြီး အခြားတိုင်းနှင့်ပြည်နယ်များ၌ နေထိုင်သူများအား မြဝတီမြိုရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာကန့်သတ်စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

ထိုသို့ အသွားအလာကန့်သတ်ထားရှိခြင်း ၁၀ ရက်ပြည့်ပါက ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ ထပ်မံစစ်ဆေးပြီးနောက် သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here