ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)၊(၂)နှင့် (၃)ပါ သဘောတူညီချက်များ အ ကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုကို နစက ၏ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်း သား လက်နက်ကိုင် ၃ ဖွဲ့ဆွေးနွေး

0
229

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)၊(၂)နှင့် (၃)ပါ သဘောတူညီချက်များ အ ကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုကို နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်း သားလက်နက်ကိုင် ၃ ဖွဲ့ဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့တို့ စက် တင်ဘာ ၂၉ ရက်က တတိယနေ့အဖြစ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံများမှရရှိထားသည့် ပြည်ထောင်စုသဘော တူ စာချုပ်အစိတ်အပိုင်း(၁)၊(၂)နှင့်(၃)ပါ သဘော တူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကို ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က အသေးစိတ်ဆွေးနွေးခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသူများက တိုင်စရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များက မိမိတို့၏ သဘောထားများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စု အစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့တက်ရောက်ခဲ့ကြသည်။

အလားတူ “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)ဒု-ဥက္ကဋ္ဌဦးလော့ယာကု၊နိုင်ငံရေးဌာနကြီးမှူးဦးအိုက်နပ်လိုင်း၊အမျိုးသားဒီမိုကရက်တစ်မ ဟာမိတ်အဖွဲ့(NDAA)ဒု-ဥက္ကဋ္ဌဦးစန်ပေ့၊အထွေ ထွေအတွင်းရေးမှူးဦးကြည်မြင့်၊ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်၊အ တွင်းရေးမှူး(၂)စဝ်စိုင်းဆုတို့လည်း တက်ရောက်ခဲ့ကြသည်။

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSA , NDAA , SSPP အဖွဲ့တို့သည် စက်တင်ဘာ ၃၀ ရက်(ယနေ့)တွင် စတုတ္ထနေ့အဖြစ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here