ပဲခူးမြို့တွင်း၊မြို့ပြင်သို့ ပြေးဆွဲပြေးနေသည့် ခရီးသည်တင်ကားများ သီတင်းကျွတ်ကာလ၌ ယာဥ်စီးခပုံမှန်နှုန်းထားအတိုင်းသာ ကောက်ခံမည်

0
191


ပဲခူးမြို့ကျွန်းသာယာအဝေးပြေးယာဥ်ရပ်နားစ ခန်းအားအခြေစိုက်၍ မြို့တွင်း၊မြို့ပြင်ပြေးဆွဲပေးနေသည့် ခရီးသည်တင်ကားများသည် သီ တင်းကျွတ်ကာလ၌ ယာဥ်စီးခအား ပုံမှန်နှုန်းထားအတိုင်းသာကောက်ခံပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သီတင်းကျွတ်ပွဲတော်ကာလ၌ ပဲခူးမြို့သို့ ဘုရား ဖူးလာရောက်မည့်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးလာရောက်နိုင်စေရန်အတွက် ယာဥ်စီးခများအား ပုံမှန်နှုန်းအတိုင်းကောက်ခံခြင်းဖြစ်ကြောင်း ပဲခူးမြို့ကျွန်းသာယာအဝးပြေးယာဥ်ရပ်နားစခန်း၊ပဲခူးမြို့နယ်ယာဥ်လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

“ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ ပဲခူးမြို့ကိုဘုရားဖူးလာတဲ့သူတွေ အဆင်ပြေစေဖို့အတွက် အခုလို ယာဥ်စီးခတွေကို ပုံမှန်အတိုင်းပဲ ကောက် ခံသွားမှာပါ”ဟု ပဲခူးမြို့ကျွန်းသာယာအဝးပြေးယာဥ်ရပ်နားစခန်း၊ပဲခူးမြို့နယ်ယာဥ်လုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ ယာဥ်စီးခနှုန်းထားများတိုးမြှင့်ကောက်ခံခြင်းမပြုရန် မြို့နယ်ယာဥ်လုပ်ငန်းကြီးကြပ်ရေးကော်မတီမှလည်း ယာဥ်လိုင်းအသီးသီးအား ညွန်ကြားထားကာ တာဝန်ရှိသူများမှလည်း စနစ်တ ကျကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့ကျွန်းသာယာအဝေးပြေးယာဥ်ရပ်နားစ ခန်းအား အခြေစိုက်ကာ ပဲခူးမြို့တွင်း၊မြို့ပြင်သို့ ခရီးသည်တင်ကားလိုင်း ၂၃ လိုင်းတွင် ခရီးသည်တင်ကားစီးရေ ၁၃၃၂ စီးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here