စက်တင်ဘာ ၂၉တွင် မန္တလေးမြို့၊စက်မှုဇုန်(၁) အတွင်းလုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား နစက ဥက္ကဌနှင့်အဖွဲ့ကသွားရောက်လေ့လာခဲ့ကြသည်။
ထိုသို့သွားရောက်ရာတွင်မောရိယတိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိစဥ် စက်ရုံမှူး ဦးနေဝင်းက မောရိယတိုင်းဆေးဝါးကို ရှေးယခင် နှစ်ပေါင်း ၁၆၀ မှစ၍ ထုတ်လုပ်ခဲ့မှု၊လက်ရှိအချိန်တွင် ဆေးဝါးများကိုအဆင့်မီစွာဆက်လက်ထုတ် လုပ်နေမှုအခြေအနေများ ရှင်းလင်းတင်ပြ သည်။
“အခု မောရိယဆေးဝါးထုတ်လုပ်ရေးဟာ နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိပြီး ကောင်းမွန်တဲ့ အစဉ်အလာကောင်းများရှိတာကြောင့် စနစ်တကျထိန်းသိမ်းပြီး အောင်မြင်အောင်ဆက်လက်ဆောင်ရွက်စေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက အားပေးတိုက်တွန်းခဲ့သည်။
ထို့ပြင် နစက ဥက္ကဋ္ဌသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ Super Mandalay Co.Ltd ၏ ဘုရင်ဘီစကစ်စက်ရုံတွင် ကုန်ကြမ်းအဆင့်မှထုပ်ပိုးမှုအထိ ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ်နေမှုကိုလည်း ကြည့်ရှုခဲ့သည်။
အလားတူ ပိုင်ဖြိုးမြန်မာကုမ္ပဏီ၏ အောင်နိုင်သူ တွင်နှင့်သံရည်ကျိုလယ်ယာသုံးရေပန့်သံမဏိသွန်းထည်လုပ်ငန်း၏ ကုန်ကြမ်းစုဆောင်းရရှိမှု၊ကုန်ကြမ်းမှတဆင့် သံရည်ကျိုချက်ပြီး စိုက်ပျိုး ရေးလုပ်ငန်းသုံးရေစုပ်ပန့် အပါအဝင် ပန့်အမျိုးမျိုးနှင့်ပန့်အပိုပစ္စည်းများ၊သတ္တုသွန်းထည်ပ စ္စည်းများ၊ကြိတ်ခွဲရေးလုပ်ငန်းသုံးအပိုပစ္စည်းများ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးသံထည်ပစ္စည်းများထုတ်လုပ်နေမှုတို့ကို ကြည့်ရှုခဲ့သည်။
စက်မှုလုပ်ငန်းနှင့် အစိုးရကြား ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဦးစားပေးလုပ်ငန်းသုံးရပ် မှာ ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့အောင်လုပ်ဆောင်မှုတို့ ဖြစ်သည်ဟု ယခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကလည်း အဆင့်မြင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အဖြေများအဖြစ် သုံးသပ်ချက်ထုတ်ထားသည်။