ရန်ကုန်-နေပြည်တော်-လွိုင်ကော်ပြေးဆွဲသည့် MNAခရီးသည်တင်လေယာဥ်သေနတ်ဖြင့်ပစ်ခတ်ခံရ

0
842


ရန်ကုန်-နေပြည်တော်-လွိုင်ကော် ပြေးဆွဲပျံသန်းလျက်ရှိသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)လိုင်းမှ ခရီးသည်တင်လေယာဥ်အ မှတ် XY-AML သည် ခရီးသည် ၆၃ ဦးအားတင် ဆောင်၍ စက်တင်ဘာ ၃၀ ရက်(ယနေ့)နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လွိုင်ကော်လေဆိပ်သို့ဆင်း သက်ရန်ပြုလုပ်ခဲ့စဉ်လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာအရောက်တွင် လက်နက် ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ပစ်ခတ်မှုကြောင့် လေယာဥ်ဘယ်ဘက်ဝမ်းဗိုက်အားဖောက်၍ ကျည်ဝင်ရောက်ခဲ့မှုကြောင့် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် လွိုင်ကော်မြို့၊ဧက ၅၀၀ ရပ်ကွက်နေ အမျိုးသားတစ်ဦးမှာ ညာပါး၌ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သူအား  လုံခြုံရေးအဖွဲ့ဝင်များက လွိုင်ကော်ပြည်သူ့ဆေး ရုံသို့ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

“ပစ်ခတ်ခံခဲ့ရတယ်ဆိုတာမှန်ပါတယ် “ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှတာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်သွားသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here