သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီဂါလန် ၈.၆ သန်း ထပ် မံဆိပ် ကမ်းချ

0
341


ပြည်တွင်း၌ စက်သုံးဆီ ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီအမျိုးအစားအလိုက် ပုံမှန်စိစစ်တင်သွင်းလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်တွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၈.၆ သန်းခန့် ထပ် မံ၍ ဆီချခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MT Synergy သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၂.၄၅ သန်းနှင့် ပရီမီယံဒီဇယ်ဂါလန် ၆.၁၄ သန်းကို ဆိပ်ကမ်းချခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ ကော်မတီက သတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်တွင်လည်း MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ HSD ဂါလန် ၁.၈၆ သန်းနှင့် ပ ရီမီယံ ဒီဇယ်ဆီ PHSD ဂါလန် ၂.၁၇ သန်း၊ MT Harm ony One သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၂.၁၃ သန်းကို ဆီချခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော်မတီအနေဖြင့် ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း စက်သုံးဆီဖြန့်ဖြူးမှုတွင် သက်ဆိုင်ရာစက်သုံးဆီ အရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးပေးသည့် ဆီတင်ယာဉ်အချို့ကို နှောင့်ယှက်တားဆီးမှုများ ကြုံတွေ့နေရကြောင်း သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ နှောင့်ယှက် ဟန့်တားမှုများအနေဖြင့် စက်တင် ဘာ ၂၇ ရက်တွင် ရန်ကုန် မြို့၊ သီလဝါမှ ကလေးဝမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ် (၄) စီးအား အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်နှောင့်ယှက်ခဲ့သည့်အတွက် သက်ဆိုင်ရာ စ က်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင် နိုင်ခြင်းမရှိဘဲ ဆီသယ်ယာဉ်များရပ်တန့်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ပြန် လ ည်ကျဆင်းလာနေပြီး ပြည်တွင်း၌ စက်သုံးဆီလက်ကျန် အခြေအနေအရ ပြည်တွင်းသုံးစွဲမှုအတွက် ဖူလုံမှုရှိကြော င်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here