ပေါက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ များမြင့်တက်ခဲ့၍ နေအိမ်များအတွင်းရေ ဝင်ရောက်

0
279

မကွေးတိုင်း၊ပေါက်မြို့တွင် စက်တင်ဘာ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများမြင့်တက်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဆင်ဆာချောင်းနှင့်ကျားသိုက်ချောင်းတို့မှ ချောင်းရေများမြင့်တက်လာခဲ့သည်ဟု သိရသည်။

ထိုသို့ မြင့်တက်ခဲ့သဖြင့် အောင်တံခွန်ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများနှင့်လမ်းများပေါ်တွင် ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“လတ်တလော ရေကလူကြီးတစ်ယောက်ရဲ့ ခါးလောက်ရှိတယ် ရေစီးတာကြောင့် ချော်လဲပြီးရေစီးမျောပါမသွားအောင် အမှတ်အသားတွေလုပ်ပြီး ကိုင်ပြီးသွားလို့ရအောင် ကြိုးတန်းတွေပါလုပ်ထားရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် နေအိမ်များ၌နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ရေဘေးလွတ်ကင်းသည့်နေရာများသို့ ယာယီရွှေ့ပြောင်းပေးလျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here