Friday, September 20, 2024
spot_img
HomeNewsLocal Newsကွန်ဟိန်းမြို့နယ်ရှိ တာကော်တံတား ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ

ကွန်ဟိန်းမြို့နယ်ရှိ တာကော်တံတား ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်ရှိ တာကော်တံ တားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၉ နံနက်ပိုင်းက LIFAN ကားပေါ်မှ လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုင်းပျဉ်းမြို့ဘက်မှကာလိမြို့ဘက်သို့ မောင်းနှင်လာသည့် LIFAN (အပြာရောင်)ကားသည် စစ်ဆေးရေးဂိတ်အနီးအရောက် မီတာ ၁၀၀ ခန့်အကွာ၌ ဆက်လက်မောင်းနှင်လာခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများက သွားရောက်စစ် ဆေးရာ ကားပေါ်၌ မောင်းနှင်လာသူအားမတွေ့ရှိရဘဲ ကားခေါင်းခန်းအတွင်း တာလပတ်စဖြင့်အုပ်ထားသည့် ပီနံအိတ်(၃)အိတ်အား တွေ့ရှိရသဖြင့် ဖွင့်ထောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ပီနံအိတ်များအတွင်းထည့်ထားသည့် အာရ်ပီဂျီ  ၁ လက်၊ M-22 (ခေါက်ဒင်)သေ နတ် ၂ လက်၊ M-22 သေနတ် ၁ လက်၊ GLOCK ပစ္စတို ၁ လက်နှင့်ကျည်အိမ် ၁ ခု၊ Ekol Jackal Dual ပစ္စတို ၁ လက်နှင့်ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၅၄ တောင့်၊ M-22 ကျည် ၁၉၀၄ တောင့်၊ M-22 ကျည်အိမ်အတို ၁ ခု၊ အရှည် ၁ ခု၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ RPG ဒုံးသီး ၁၀ လုံး၊ RPG ပို့ကျည် ၁၀ တောင့်နှင့်ကားခေါင်းခန်းဒက်ရှ်ဘုတ်ပေါ်မှ စိုင်းနော်ခမ်း(၂၇)နှစ်အမည်ပါ မှတ်ပုံတင်မိတ္တူ ၁ စောင်တို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် လက်နက်ခဲယမ်းများသယ်ဆောင်လာသူအား ဖမ်းဆီးရမိရန်တွေ့ရှိခဲ့သည့် မှတ်ပုံတင်မိတ္တူဖြင့် စုံစမ်းစစ်ဆေးရာ ကားပိုင်ရှင်သည် မိုင်းပျဥ်းမြို့နယ်၊ ၇ မိုင်ကျေးရွာနေသူဖြစ်ပြီး ထွက် ပြေးတိမ်းရှောင်နေကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများသယ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စိုင်းနော်ခမ်းအား ကာလိနယ်မြေစခန်းက အမှုဖွင့်၍ ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -

Most Popular