နစက ၏ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP အဖွဲ့တို့ ၄ ရက်တာ ဆွေး နွေးချက်များအရ အပြီးသတ်ရရှိလာသည့် သ ဘောတူညီချ က်များကို အတည်ပြု လက်မှတ်ထိုး

0
170


နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့တို့သည် စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက စတုတ္ထနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒု- ဥက္ကဋ္ဌဦးလော့ယာကု ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)အဖွဲ့တို့အား နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တာဝန်ရှိသူများက သီးခြားစီတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက် ပညာရေး၊ကျန်းမာရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP၊ NDAA၊ SSPP အဖွဲ့တို့သည် စတုတ္ထနေ့အဖြစ် ၄ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေး နွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု တို့ကနိဂုံးချုပ်စကားများ ပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၊ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့တက်ရောက်ခဲ့ကြသည်။

အလားတူ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊နိုင်ငံရေးဌာနကြီးမှူးဦးအိုက်နပ်လိုင်း၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊အထွေထွေအတွင်းရေးမှူးဦးကြည်မြင့်၊ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်၊အတွင်းရေးမှူး(၂)စဝ်စိုင်းဆုတို့လည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here