လုံခြုံရေးတပ်ဖွဲ့ဝင်များမှဆိုးရွားကြမ်းတမ်းရက်စက်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သွား သူများနှင့်အဖွဲ့အစည်းများကို ထိရောက်ပြင်း ထန်စွာတုံ့ပြန်သွားမည်

0
152


နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်း ဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက လွိုင်ကော်လေဆိပ်၌ MNA ခရီးသည်တင်လေယာဥ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာမှာကော ကမ္ဘာမှာပါ ခရီးသည်တင်လေယာဥ်၊ခရီးသည်တင်ရထား၊ခရီးသည်တင်ကား Public Transportation လုပ်ငန်းတွေနဲ့ပတ် သက်တာကို အကြမ်းဖက်တိုက်ခိုက်တာ ပြည်သူ လူထုကိုတိုက်ရိုက်ခြိမ်းခြောက်တာဖြစ်ပါတယ် ပြည်သူလူထုအပေါ်ကို တိုက်ရိုက်အကြမ်းဖက်ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့အတူ လွိုင်ကော်လေဆိပ်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်၌ ခရီးသည် ၆၀ ကျော်ပါသည့် ခရီးသည်တင်လေယာဥ်အား ပစ်ခတ်ခြင်းဖြစ်ကာ ပစ်ခတ်ရာ တွင်လည်း ခရီးသည်တင်လေယာဥ်သည် ရန်ကုန်မှထွက်ခွာလာပြီး လွိုင်ကော်လေ ဆိပ်သို့ ဆိုက်ကပ်ရန် လေယာဥ်ချဥ်းကပ်ပုံစံဖြင့် ဆင်းသက်ခဲ့သည်ဟု ပြောသည်။

“လေယာဥ်ကဆင်းသက်ခါနီးနိမ့်ပြီးပျံရတယ် ကွင်းကိုပတ်ပြီးပျံရတယ် အဲ့လိုအချိန်မှာ လေယာဥ်ကွင်းရဲ့မြောက်ဘက်မှာရှိတဲ့ PDF , KNPP အကြမ်းဖက်သောင်းကျန်းသူတွေနေတဲ့နေရာကနေဖြတ်ရတယ် ဖြတ်တဲ့အခါမှာအောက်ကနေပြီးလက်နက်ငယ်နဲ့ပစ်ခတ်တာဖြစ်ပါတယ် လေယာဥ်ဝန်းဗိုက်ပိုင်း ထိမှန်ခဲ့တာရှိတယ် ဝမ်းဗိုက်ကိုဖောက်ထွက်ပြီး ခရီးသည်တစ်ယောက်ဒဏ်ရာရရှိခဲ့တာရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ ဖြစ်စဥ်အား နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပြီးချိန်တွင် ဖြစ်စဥ်နှင့်ပတ်သက်၍ အချို့မီဒီယာများက လေဆိပ်၌ ပစ်ခတ်သည့်ပုံစံမျိုးဖြင့် ရေးသားဆောင်ရွက်ခဲ့ကြသည်ဟု ပြောသည်။

“သူတို့အဲ့လိုဆောင်ရွက်ရတဲ့အကြောင်းရင်းက အများပြည်သူနဲ့သက်ဆိုင်တဲ့ Public Transportation တွေကိုလုပ်တာဟာ ရာဇဝတ်မှုကြီးမားတယ်ဆိုတာသိတဲ့အတွက် ဆင်သေကောင်ကို ဆိတ်သရေနဲ့ဖုံးတဲ့ပုံစံမျိုးဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယခုကဲ့သို့ ဆိုးရွားကြမ်းတမ်းရက်စက်သည့် အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်သွားသူများ အဖွဲ့အစည်းများအပေါ်တွင် ထိရောက်ပြင်းထန်စွာတုံ့ပြန်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here