တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအား ကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်ဟု နစကဥက္ကဌဆို

0
276


နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် တပ်မတော်မှအားကစားသမားများ၊နည်းပြများ၊နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022)နှင့်နိုင်ငံတ ကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂုဏ်ပြုဆုပေးအပ်ခြင်းအခမ်းအနားအား စက် တင်ဘာ ၃၀ ရက်(ယနေ့)မွန်းလွဲပိုင်းက နေပြည် တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံ တော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ် သည်ဟု ပြောသည်။

“အားကစားဆိုတာ နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုး ရဲ့ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနဲ့စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေနိုင်ပါတယ် အားကစားပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ တပ်မတော်သားတွေအနေနဲ့ တိုင်းချစ်၊ပြည်ချစ်စိတ်ကိုအရင်းခံတဲ့ အားကစားစိတ်ဓာတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ တိုင်းပြည်ချစ်စိတ်ရှိမှသာ တိုင်းပြည်အား ကာကွယ်လိုစိတ်များပေါ်ပေါက်လာမည်ဖြစ်ပြီး ယင်းသို့ တိုင်းပြည်ချစ်စိတ်၊တိုင်းပြည်ကာကွယ်လိုစိတ်အပေါ် အရင်းခံ၍ ဝင်ရောက်ယှဉ် ပြိုင်ကာ အောင်မြင်မှုရရှိရန် စွမ်းဆောင်နိုင်ခဲ့မှုကိုအသိအမှတ်ပြုဂုဏ်ယူသည်ဟု ပြောသည်။

အလားတူ ပြိုင်ပွဲများတွင် တပ်မတော်သားများ သည် တပ်မတော်သားပီပီ ကြံ့ခိုင်သည့် စိတ်ဓာတ် ၊မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် နိုင်ငံအကျိုးကို မည်သည့်နေရာကမဆို ဆက်လက်သယ်ပိုးလိုသည့် စိတ်ဓာတ်ထားရှိသည်ကိုတွေ့ရှိရသည်ဟု ပြောသည်။

“အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွေမှာ တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့တဲ့ တပ်မတော်သားတွေကလည်း နိုင်ငံတော်နဲ့တပ်မတော်ရဲ့ ဂုဏ်ကိုဆောင်ကြဉ်းပေးခဲ့ကြပါတယ် ဒါ့ကြောင့် ရှေ့နောင်တော်တွေရဲ့ အစဉ်အ လာကောင်းတွေအပြင် မိမိတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းကြဖို့လိုပါတယ်” ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌက (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(မီတာ ၄၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေ တံဆိပ်ဆု၊ပြေးခုန်ပစ်(မီတာ ၄၀၀)(အသင်းလိုက်ပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု၊ပြေးခုန်ပစ်(မီတာ ၂၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆုတို့ရရှိခဲ့သည့် အရာခံဗိုလ်ကျော်ကျော်ဝင်း၊ပြေးခုန်ပစ် (မီတာ ၁၀၀)နှင့်(မီတာ ၂၀၀)(တစ်ဦးချင်းပြိုင်ပွဲ) ၌ ရွှေတံဆိပ်ဆု(၂) ဆု၊ ပြေးခုန်ပစ် လက်ဆင့် ကမ်း(မီတာ ၄၀၀)(အသင်းလိုက်ပြိုင်ပွဲ)၌ ငွေတံ ဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်စိုးပေတို့အား ဂုဏ် ထူးဆောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများ ပေး အပ်ချီးမြှင့်ခဲ့သည်။

အလားတူ ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု၊(သံပြားပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ဇော်မင်းလွင်၊(ပြေးခုန်ပစ်)(လှံတံပစ်)(တစ်ဦးချင်းပြိုင် ပွဲ)၌ ရွှေတံဆိပ်ဆု၊ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ် ကြပ်ကြီးတင်ညိုတို့ကိုလည်း ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022)တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Division(2)တွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အဖွဲ့ (၁)ကိုယ်စား ဗိုလ်ကြီးထင်အောင်ကျော်၊အဖွဲ့ (၂) ကိုယ်စား ဗိုလ်ကြီးသန်းတိုးအောင်၊အဖွဲ့ (၃) ကိုယ်လစား ဗိုလ်ကြီးထွန်း‌တောက်နိုင် တို့အားဂုဏ်ထူး ဆောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ တာဝန်ရှိသူများမှလည်း ဆုတံဆိပ်ရရှိခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here