စလင်းမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအား လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား

0
360

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်တင့်ကျေး ရွာအုပ်စု၊ချောင်းဆုံကျေးရွာရှိ “ရွာဦး”ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုန္ဒရ သက်တော်(၆၀)နှစ်(ဝါတော်)၂၅ ဝါ အားလက် နက်ကိုင်အဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်နံ နက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၁ နာရီခွဲခန့်က ချောင်းဆုံကျေးရွာရှိ “ရွာဦး”ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆ ရာတော် ဥူးသုန္ဒရသည် ကျောင်းအတွင်း၌ ကျေး ရွာနေသူများဖြစ်သည့် မောင်ဖိုးလွင်(၁၈)၊ကိုဖိုးလွယ်(၃၀)နှစ်တို့နှင့်အတူရှိနေစဉ် လက်နက်ကိုင်အဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိလာခဲ့သည်။

ထို့သို့ ရောက်ရှိလာပြီးနောက် ကျောင်းထိုင်ဆရာ တော်နှင့်ကိုဖိုးလွယ်၊မောင်ဖိုးလွင်တို့အား ကျေး ရွာ အရှေ့ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ တောစပ်အရောက် ကိုဖိုးလွယ်နှင့်မောင်ဖိုးလွယ်တို့အား ပြန်လွှတ်ပေးပြီး ကျောင်းထိုင်ဆရာတော်ဉူးသုန္ဒရအား တောအ တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ကျောင်းထိုင်ဆရာတော်ဥူးသုန္ဒရ အား ပြန်လည်ကယ်တင်နိုင်ရန် နယ်မြေလုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံအတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ပျံလွန်တော်မူခဲ့ပြီးဖြစ်သည်ဟု နစက ၏ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here