(၄၃) ကြိမ်​မြောက်ကျပ် ၁၀၀၀တန်အောင်ဘာ​လေသိန်းဆုဖွင့်ပွဲတွင် ဆုမဲအသစ်အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆုစတင် ချီးမြှင့်

0
464

ယနေ့ အောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်သည့် (၄၃) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆု ချီးမြှင့်သည့် ဆုမဲအသစ်ကိုစတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဝေဝေဆာဆာ ပဒေသာဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆုမဲများကို ယနေ့ အောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်သည့် (၄၃) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ စပြီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထီထိုးသူများအနေဖြင့်ငါးစောင်တွဲ ထီထိုးမည်ဆိုလျင် အက္ခရာ နှင့် ရှေ့ဂဏန်း တစ်လုံးတူပါက ကျပ်ငါးသောင်း ရရှိမည်ဖြစ်ပြီး ၁၀ စောင်တွဲ ထီထိုးမည်ဆိုလျင် ကျပ်တစ်သိန်းအထိ ရရှိနိုင်မည်ဖြစ်သည်။

ယနေ့ထီဖွင့်ပွဲတွင် အောင်ဘာလေထီဆု၏ အထူးဆုကြီးအနေဖြင့် ကျပ်သိန်း ၅၀၀၀ ၊

ကျပ်သိန်း ၁၀၀၀ ၊ ကျပ်သိန်း ၅၀၀ ၊ဆုတစ်ဆုခြင်း အနေဖြင့် ကျပ်သိန်း ၁၀၀၊ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေဆာဆာပဒေသာဆု အနေဖြင့်

သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းဆုနှင့် ဆုမဲအသစ်အနေဖြင့် ကျပ်တစ်သောင်းဆုတို့ကိုချီးမြှင့်ခဲ့သည်။

(၄၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်း (၅၀၀၀)ဆုကြီးအား ရတနာသိန်းထိုက်အောင်ထီဆိုင်မှကံထူးခဲ့ပြီးကျပ်တ​သောင်းဆုကံထူးသူများပြားခဲ့​ကြောင်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here