အတက်ကြမ်းခဲ့သည့် ရွှေဈေး (၂၂) ဝန်းကျင်အထိထိုးကျ၊ တက်ဈေးဖြင့် လုဝယ်ခဲ့သူများ သိန်းရာချီအရှုံးပေါ်နေ

0
312

ပြီးခဲ့သည့်လအတွင်း အတက်ကြမ်းခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများမှာ ယနေ့ ဈေးကွက်ပေါက်ဈေးများအရ (၂၃) သိန်းကျပ်အောက်သို့ ရောက်ရှိသွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၁) ရက် နေ့လယ်ပိုင်း ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက်ရွှေ (၁) ကျပ်သားလျှင် ၂၂ ၇၀၀၀၀ ကျပ်အထိ ကျဆင်းခဲ့ပြီး အရောင်းအဝယ်အေးနေကြောင်း သိရသည်။

” အဝယ်လည်း ပါးတယ်။ အရောင်းသမားက မရှိသလော က်နီးနီးဖြစ်သွားတာပေါ့။ ဒီအချိန်မှ ထုတ်ရောင်းကြဖို့ကို တော်တော် စဉ်းစားနေရပြီလေ။ ဝယ်ထားတုန်းက (၃၀) အထက်ဈေးနဲ့ လုဝယ်ကြတာဆိုတော့ ။ အရှုံးများကြမ ယ့် အခြေအနေလေ”ဟု ရန်ကုန်ရွှေဈေးကွက်တွင် ရွှေအ ရောင်းအဝယ်ပြုလုပ်သူ ကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာ လဆန်းပိုင်းတို့တွ င် ပြည်တွင်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေ (၁) ကျပ်သား (၃၇) သိန်းဝန်းကျင်အထိ အမြင့်ပိုင်း ရောက်ရှိခဲ့ပြီး ပြည် တွင်းရှိ စီးပွားရေးသမားအများစုနှင့် ငွေကြေးတတ်နိုင်သူအချို့မှ ရွှေများ ဝယ်စုခဲ့သည့်အခြေအနေရှိပြီး လက်ရှိတွင် အဆိုပါ ရွှေဝယ်စုသူများ အရှုံးနှင့် ရင်ဆိုင်ရသည့် အခြေအနေဖြစ်နေသည်။

” အဓိကတော့ ဈေးတွေ တက်တဲ့အချိန်မှာ အတင်း လုဝယ်ကြတာပေါ့နော်။ ပိုက်ဆံ နည်းနည်းရှိတဲ့သူတွေက  ဆက်တက်မယ်အထင်နဲ့ ဝင်ကစားကြတာပေါ့။ အတိုင်း အတာ တစ်ခုရောက်တဲ့အချိန်မှာ ဈေးက ထိုးကျသွားတော့ အကုန် လက်ထဲပိုက်မိကုန်တာ။ တချို့က အားချင်း ပြန်ရောင်းပစ်ကြတော့ အရှုံးနည်းတာပေါ့။ အဲဒီမှာ ပြန်တက်နိုးပြန်တက်နိုးနဲ့ စောင့်တဲ့သူတွေက အခုချိန်လည်း ကျရော သိန်း ရာချီအရှုံးပေါ်ကုန်တာပေါ့နော်” ဟု ၎င်းကဆိုသည်။

ယနေ့ အောက်တိုဘာ (၁) ညနေပိုင်း ဈေးကွက်ပေါက် ဈေးများအရ အခေါက်ရွှေ (၁) ကျပ်သားလျင် ၂၂၇၀၀၀ ၀ ဖြင့် အဝယ်ဖြစ်ပြီး ရောင်းဈေးမှာ (၂၃) သိန်းကျပ်ဝန်း ကျင် ဖြစ်ကြောင်း သိရသည်။

အလားတူ ၁၅ ပဲရည် ရွှေ (၁) ကျပ်သားလျင် (၂၁) သိန်း ဝန်းကျင် ဖြင့်အရောင်းအဝယ် ပြုလုပ်ကြောင်း ရန်ကုန်မြို့ရှိ ရွှေအရောင်း ကောင်တာအချို့မှ သိရသည်။

လက်ရှိတွင်  သတ္ထုတွင်း ဝန်ကြီးဌာနမှလည်း ပြည်တွင်း ရွှေဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ရွှေ ဒင်္ဂါးများ ထုတ်ရောင်းပေးလျက်ရှိပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ သတ်မှတ်ရွှေအရောင်းကောင်တာများတွင် ချက်ချင်း ငွေပေးချေသည့် စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေအသင်း၏ ရည်ညွှန်းရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၁၉၅၄၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေ တစ်အောင်ဆလျင် အမေရိကန်ဒေါ်လာ ၁၆၆၀ ဒေါ် လာ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယနေ့ အောက်တိုဘာ (၁) ရက် ပြည်တွင်ငွေလဲဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၂၅၀၀ ကျပ်ဝန်းကျင် အရောင်းအဝယ်ပြုလုပ်ကြပြီး ဗဟိုဘဏ် ရ ည်ညွှန်းဈေးမှာ  တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here