စက်သုံးဆီ တင်သွင်းမှုအတွက် တရုတ်ယွမ်ဖြင့်ပါ ငွေပေးချေနိုင်ဟု ဗဟိုဘဏ်ထုတ်ပြန်

0
1487

ပြည်တွင်းရှိ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေ ဖြင့် Trade Financing ရယူထားသည့် နိုင်ငံခြားငွေများ ပြန်လည်ပေးချေရာတွင် တရုတ်ယွမ်ငွေဖြင့်ပါ ပြန် လည်ပေးချေနိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ (၃၀) ရက်ရက်စွဲဖြင့် မြန်မာနိုင်ငံ ဗဟိုဘ ဏ်က အဆိုပါ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ အစည်းဝေးဆုံး ဖြတ်ချက်အရ ခွင့်ပြုခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ ညွှန်ကြားချက်အရ ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများသည် ရယူထားပြီး ဖြစ်သည့် SW AP Facility ပမာဏ အချို့အား ယွမ်ငွေဖြင့် ပေးချေခွင့်ပြုမည်ဖြစ်ပြီး နောင် စက်သုံးဆီဖိုး ငွေပေးချေရာတွင် ယွမ်ငွေဖြင့် ပေးချေခွင့်ပြုကြောင်း ဗဟိုဘဏ်က ဆို သည်။

ထို့အပြင် USD Trade Financing ဖြင့် SWAP ရယူထားသည့် ကိစ္စရပ်များအတွက် နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် AD လိုင်စင်ရ  ဘဏ်များ အနေဖြင့် က င်းလွတ်ခွင့်ရသည့် ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ ပြည်ပမှ နိုင်ငံခြားငွေဖြင့် ရရှိ‌ငွေ၊ Worker Remittance မှ ဝင်ရောက်ငွေနှင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းဖြင့်ဝယ် ယူထားသည့် အမေရိကန်ဒေါ်လာများအား အလီလီရော င်းချခြင်းကို ဆောင်ရွက်ပေးပြီး SWAP ပြန်‌လည်ပေးစပ်စေရန်နှင့် ပေးဆပ်မှုပမာဏပေါ်မူတည် ၍ Trade Financing ရယူရေး ဆောင်ရွက်ပေးရန်ဟု ညွှန်ကြားထားသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီများအကြား လိုအပ်ချက်မြင့်မားနေသည့် ‌ကန်ဒေါ်လာလိုအပ်ချက်ကို ထိန်းညှိပေးသည့်အနေဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ထုတ်ချေးပေးခဲ့ပြီး ဒေါ်လာဈေးနှုန်း ထိန်းချုပ်မှုကိုလည်း ဆက်တိုက် လုပ်ဆောင်လာခြင်းကြောင့် လက်ရှိတွင် ပြည်တွင်း ငွေလဲဈေးကွ က်၌ ဒေါ်လာဈေး အကျဘက်သို့ ဦးတည်လျက်ရှိသည်။

လက်ရှိတွင် တရုတ်ယွမ်ငွေလဲနှုန်းမှာ ၄၅၀ ကျပ်ဝန်း ကျ င်ပေါက်ဈေးရှိနေပြီး လတ်တလော၌ ကျမည့် အရိပ်အ ယောင်မတွေ့ရသေးကြောင်း တရုတ် – မြန်မာ နယ်စပ် ငွေလဲဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here