ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းများအား YCDC က သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့

0
398

ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းများ၌ အောက်တိုဘာ ၁ ရက်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းအား ရန်ကုန်မြို့တော်စည်ပင်က ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

YCDC မှ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အ.မ.က(၉)၊ဒေါပုံမြို့နယ်ရှိ အ.လ.က(၁)၊သာကေတမြို့နယ်ရှိ အ. ထ.က(၆)၊ရွှေပြည်သာမြို့နယ်၊ဘုံရှည်ကုန်းကျေး ရွာအုပ်စု၊ပြည်တော်သာလမ်းရှိ အ.မ.က(၁)မူလွန်ကျောင်း၊ရန်ကင်းမြို့နယ်၊(၁၄)ရပ်ကွက်၊အနော်ရထာလမ်းရှိ အ.မ.က(၇)ကျောင်း၊အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ဖွဲနုဆီစက်လမ်းရှိ အ.မ. က(၁၆)ကျောင်း၊ဒဂုံမြိုသစ်‌(မြောက်ပိုင်း)မြို နယ်၊အမှတ်(၃၂)ရပ်ကွက်ရှိ အ.မ.က(၁၃) ကျောင်း၊မရမ်းကုန်းမြိုနယ်၊အမှတ်(၃)ရပ်ကွက်ရှိ အ.လ.က(၅)ကျောင်းတို၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းဝင်းများအတွင်း/အပြင်ရှိ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊အုပ်မိုးကိုင်းများခုတ်ထွင်ရှင်းလင်း၍ အလင်းဖွင့်ပေးခြင်း၊ရေမြောင်းများအ တွင်းရှိအမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်း လင်းခြင်း၊သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် စာသင်ခန်းမများနှင့်ကျောင်းပတ်ဝန်းကျင်ခြင်ဆေးမှုတ်ခြင်း၊ရေကန်များအဘိတ်ဆေးခတ်ခြင်း၊ ကျောင်းဝင်းအတွင်းအပြင်သန့်ရှင်းရေးပြု လုပ်ခြင်းများကို ပါဝင်ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here