မြန်မာတစ်နိုင်ငံလုံး၏ အသက်အကြီးဆုံး အဘိုး တစ်ဦးနှင့်အဘွားတစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီပေးအပ်သွားမည်

0
199
ပုံစာ- ၂၀၂၁ခုနှစ်  အသက်အကြီးဆုံး ဘွားသက်ရှည် အဘွားဒေါ်ထွေးအား ငွေကျပ်၁၀သိန်းချီးမြှင့်ဂုဏ်ပြုခဲ့စဉ်ပုံရိပ်များ။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားအား အောက်တိုဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပစဥ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက် သက်ခိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ပုံစာ- ၂၀၂၁ခုနှစ်  အသက်အကြီးဆုံး ဘွားသက်ရှည် အဘွားဒေါ်ထွေးအား ငွေကျပ်၁၀သိန်းချီးမြှင့်ဂုဏ်ပြုခဲ့စဉ်ပုံရိပ်များ။

လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်အား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကာ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးမှ အ သက်အကြီးဆုံး အဘိုးတစ်ဦးနှင့်အဘွားတစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ သက်ဆိုင်ရာ တိုင်း/ပြည် နယ်မှတစ်ဆင့် ပေးအပ်သွားမည်ဟု ပြော သည်။

“သက်ကြီးရွယ်အိုတွေရဲ့ အရေးကိစ္စဟာ သက် ကြီးရွယ်အိုတွေနဲ့သာ သက်ဆိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ အသက်အရွယ်အပိုင်းအခြားအားလုံးမှာရှိတဲ့ လူအားလုံးနဲ့သက်ဆိုင်နေတဲ့ ကိစ္စဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် သက်ခိုင်ကပြောသည်။

ပုံစာ- ၂၀၂၁ခုနှစ်  အသက်အကြီးဆုံး ဘွားသက်ရှည် အဘွားဒေါ်ထွေးအား ငွေကျပ်၁၀သိန်းချီးမြှင့်ဂုဏ်ပြုခဲ့စဉ်ပုံရိပ်များ။

လူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများ သည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အား ၁၉၉၉ ခုနှစ်မှစတင်၍ ယနေ့အထိ မပျက်မကွက် ဂုဏ်ပြုကျင်းပလျက်ရှိသည်။

ထိုသို့ ကျင်းပခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုတွင် သက်ကြီးရွယ်အိုများသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်စွမ်းရှိသည်ကို သိရှိလာနိုင်မည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here