ထိုင်းရှိSim Card စက်ရုံမှအလုပ်ရပ်နားခံရသည့် မြန်မာအလုပ်သမား  ၉ ဦး နစ်နာကြေး ထိုင်းဘတ် ငွေ ၇ သောင်းကျော်စီရရှိ

0
227

ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်ရှိ Sim Card စက်ရုံတွင် မြန်မာအလုပ်သမား ၁၄ ဦးအား စက်ရုံကပုံမှန်အ လုပ်မဆင်းခိုင်းဘဲ အလုပ်မှရပ်နားခံခဲ့ရသည်။

ထိုသို့ အလုပ်ရပ်နားခံရကြောင်း သတင်းအရ AAC အဖွဲ့နှင့်အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)တို့ကညှိနှိုင်းဖြေရှင်းပေးခဲ့ကြသည်။

ထိုသို့ ဖြေရှင်းပေးခဲ့သဖြင့် အလုပ်ရပ်နားခံရသည့် ၁၄ ဦးအနက် ၉ ဦးသည် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိ၍ အလုပ်ထုတ်နစ်နာကြေးအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၇၂၀၀၀ နှင့်တရားဝင်အ လုပ်ပြောင်းရွေ့ခွင့်စာရွက်စာတမ်းများကို စက် တင်ဘာ ၂၇ ရက်တွင် အလုပ်ရှင်က အလုပ်သမားများအား ‌ပေးအပ်ခဲ့သည်။

ထို့ပြင် ကျန်ရှိသည့်အလုပ်သမား ၅ ဦး အတွက် အလုပ်လုပ်ကိုင်ခွင့်အထောက်အထားများသက် တမ်းတိုးပေးရန်နှင့်တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများအမြန်ဆုံးပြုလုပ်ပေးရန်လည်း သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

Photo AAC မဟာမိတ်


LEAVE A REPLY

Please enter your comment!
Please enter your name here