ပြည်ကြီးတံခွန်မြို့နယ်တွင် ကလေးငယ်တစ်ဦးရထားတိုက်ခံရ၍ ညာဘက်ခြေထောက်ပြတ်သွား

0
200

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်တွင် အောက်တိုဘာ ၂ ရက်(ယနေ့)မွန်းတည့်ပိုင်းက အသက်(၁၂)နှစ်အရွယ်ခန့်ရှိ ကလေးငယ်တစ်ဦး ရထားတိုက်ခံခဲ့ရသည်ဟု မြနည်နန္ဒာလူမှုကယ် ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က ပြည်ကြီးတံခွန်မြို့နယ်နှင့်ချမ်းမသာစည်မြို့နယ်အစပ်တွင် ကလေးငယ်တစ်ဦး ရထားတိုက်ခံခဲ့ရသဖြင့် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ကြသည်။

“ကလေးက ရထားလမ်းဘေး သံလမ်းကျူးမှာ သူ့ဦးလေးတွေနဲ့အတူနေတာ အမေကဆုံးသွားပြီး သူ့အဖေနဲ့အကိုတွေက မတ္တရာဘက်မှာအလုပ်သွားလုပ်နေကြတာလို့ပြောတယ် ညာဘက်ခြေ ထောက်ပြတ်သွားတယ်”ဟု မြရည်နန္ဒာလူမှုကယ် ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ထို့ကြောင့် ညဘက်ခြေထောက်ပြတ်သွားသည့် ကလေးငယ်အား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here